ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၈၄၈ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၂၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19  ရောဂါပိုးတွေ့လူနာ ၈၄၈ ဦးနှင့် သေဆုံးသူ ၂၂ ဦးရှိကြောင်း သိရသည်။

(၂ဝ-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြု လူနာ ၉၄၇ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂ဝ-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၂၁-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီ အတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁ဝ၁၈ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၈၄၈ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။