ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၂၂၇ ဦး ထပ်တိုး

နေပြည်တော်  နိုဝင်ဘာ   ၃ဝ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၂၂၇ ဦးနှင့် သေဆုံးသူ ၂၃ ဦးရှိကြောင်း သိရသည်။

(၂၉-၁၁-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၅ဝ၉ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၉-၁၁-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၃ဝ-၁၁-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၅၉၃၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၂၂၇ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။