ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၂၂၃ ဦး ထပ်တိုး

နေပြည်တော်  ဇွန်  ၁၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၂၂၃ ဦးနှင့်  သေဆုံးသူ ၄ ဦး ရှိကြောင်း သိရသည်။

(၁၃-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၄-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၈၁၉  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၂၃ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၅၁ဝ၅၃ ခုအား စစ်ဆေးခဲ့ပြီး  COVID-19  ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၅၈၂၆ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၄၁ ဦး ဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၁၃၂၉၆၉ ဦး   ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၄ ဦးရှိသဖြင့်  ယနေ့အထိ  သေဆုံးသူ စုစုပေါင်း ၃၂၄၈ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။