ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၂၂၅ ဦးထပ်တိုး

နေပြည်တော်  ဇွန်  ၁၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါ ပိုးတွေ့လူနာသစ် ၂၂၅ ဦးရှိကြောင်း သိရသည်။

(၁၄-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၅-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၁၉၉  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၂၅ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၅၄၂၅၂ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၆ဝ၅၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၅ ဦးဖြစ်သဖြင့်  ယနေ့အထိ  စုစုပေါင်း ၁၃၃၁ဝ၄ ဦး  ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်ကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  သတင်း ထုတ်ပြန်ထားသည်။