ယနေ့ထုတ်ပြန်ချက် အရ COVID-19  ရောဂါ ပိုးတွေ့လူနာ ၂၁၅၈  ဦးထပ်တိုး

နေပြည်တော်  အောက်တိုဘာ ၁ဝ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၂၁၅၈ ဦးနှင့်  သေဆုံးသူ ၃၂ ဦး ထပ်တိုးကြောင်း သိရသည်။

(၉-၁ဝ-၂ဝ၂ဝ)ရက်အတွက်  ဓာတ်ခွဲအတည်ပြု လူနာ ၁၄၆၁ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၉-၁ဝ-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၁ဝ-၁ဝ-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၃၁၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၂၁၅၈ ဦးတွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။