ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ယာဉ်များကို CNG စက်သုံးဆီထုတ်ယူခွင့်ပိတ်သိမ်းခြင်းနှင့် တခြားအရေးယူမှုများ ပါဆောင်ရွက် မည်

ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ယာဉ်များကို CNG စက်သုံးဆီထုတ်ယူခွင့်ပိတ်သိမ်းခြင်းနှင့် တခြားအရေးယူမှုများ ပါဆောင်ရွက် မည်

ရန်ကုန်၊ ပို့ဆောင်ရေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော့ YBS ယာဉ်လိုင်းတချို့တွင်ယာဉ်စီးခပိုမိုကောက်ခံနေသည့် ယာဉ်လိုင်းများ ရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YPTC) မှ အဖွဲ့များဖွဲ့စည်း၍ ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး တွေ့ရှိပါက ဃြွ စက်သုံးဆီထုတ်ယူ ခွင့်ပိတ်သိမ်းခြင်းနှင့်  တခြားအရေးယူမှုများပါ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရသည်။

“အရင်တုန်းကတော့ ယာဉ်စီးခပိုကောက်ခံရင် ဒဏ်ကြေး ငွေကျပ် ၃၀၀၀၀ ကောက်ပြီး ယာဉ်မောင်းကို ယာဉ်မောင်းခွင့် တစ်လပိတ်သိမ်းတဲ့ စနစ်ကျင့်သုံးပါတယ်။ အဲဒါက ယာဉ်မောင်းပဲ အရေးယူခံရတဲ့ပုံစံမျိုးဖြစ်နေတော့ အခုအခါမှာ သတ်မှတ်ယာဉ် စီးခထက် ပိုမိုကောက်ခံတာတွေကို စစ်ဆေးတွေ့ရှိရင် CNG စက်သုံးဆီထုတ်ယူခွင့်ပိတ်ဖို့  ဆောင်ရွက်နေပါတယ်။  ဒါ့ပြင်ယာဉ်စီးခ   ပိုမိုတောင်းခံတဲ့ယာဉ်တွေကို လိုင်းပိတ်တဲ့အထိ အရေးယူသွားပါမယ်” ဟု့ YPTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ယခုအခါ YBS ယာဉ်လိုင်းတချို့မှယာဉ်စီးခပိုမိုကောက်ခံသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိ နေရသည့်အပြင် Call Center သို့ဆက်သွယ်၍လည်း ယာဉ်စီးခပိုမိုကောက်ခံသည့်ကိစ္စရပ်များကို တိုင်ကြားလာသည်များ ရှိကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)