ယူရို ၂ဝ၂ဝ ပြိုင်ပွဲ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားမှု စာရင်းတွင် ပြင်သစ်အသင်း တိုက်စစ်မှူး အမ်ဘတ်ပီ ထိပ်ဆုံးမှဦးဆောင်

ဥရောပတစ်ဝန်းရှိ မြို့ကြီးများ၌ကျင်းပနေသည့်  ယူရို ၂ဝ၂ဝ ပြိုင်ပွဲ  အကောင်းဆုံး ကစားသမားဆု အတွက် ရေပန်းစားမှုစာရင်းတွင်  ပြင်သစ်အသင်း တိုက်စစ်မှူး  အမ်ဘတ်ပီက   ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲမစတင်မီက   အကောင်းဆုံးကစား သမားဆုအတွက် ဘယ်လ်ဂျီယံ အသင်းမှ ဒီဘရိုင်းက ထိပ်ဆုံးမှ ဦးဆောင်ခဲ့သော်လည်း ဒီဘရိုင်းအနေဖြင့် ဒဏ်ရာရရှိပြီး  အုပ်စုပွဲစဉ်များတွင်  ပါဝင်နိုင်ဖွယ်မရှိသည့် အခြေအနေများကြောင့် အမ်ဘတ်ပီက ထိပ်ဆုံး မှ ပြန်လည် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ   အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားမှုစာရင်းတွင် အမ်ဘတ်ပီက ၇/၁ လေး၊ ဒီဘရိုင်းက ၉/၁ လေး၊ ပြင်သစ်အသင်းမှ ဂရစ်ဇ်မန်း၊ အင်္ဂလန်အသင်းမှ ဟယ်ရီကိန်း၊ ပေါ်တူဂီအသင်းမှ စီရော်နယ်ဒို၊ ပြင်သစ်အသင်းမှ ကန်တီတို့က ၁၄/၁ လေး၊ ဘယ်လ်ဂျီယံအသင်းမှ လူကာကူက ၁၈/၁ လေး၊ ပေါ်တူဂီအသင်းမှ ဖာနန်ဒက်၊ အင်္ဂလန်အသင်းမှ ဖိုဒန်တို့က ၂ဝ/၁ လေး၊ ပြင်သစ်အသင်းမှ ပေါ့ဂ်ဘာနှင့် ဂျာမနီအသင်းမှ ကင်မစ်ချ်တို့က ၂၅/၁ လေးဖြင့် အသီးသီး ရပ်တည်နိုင်ခဲ့ကြသည်။

လက်ရှိတွင်  ရေပန်းစားနေသူများအနက်  အဖွင့် ပွဲစဉ်များ၌ ပေါ်တူဂီအသင်းမှ စီရော်နယ်ဒိုနှင့် ဘယ်လ် ဂျီယံအသင်းမှ လူကာကူတို့က ခြေစွမ်းပြ ကစားနိုင်ခဲ့ကြပြီး နှစ်ဂိုးစီ သွင်းယူထားကြောင်း သိရသည်။