ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်း၏ အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းထုတ်ပြန်

လန်ဒန်၊ ဘောလုံး

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ယူရို ၂၀၂၀ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်   အပြီးသတ် ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့သည်။ နည်းပြဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင် အသင်း၏ အပြီးသတ် ကစားသမားစာရင်းကို မေ ၂၅ ရက်က ထုတ်ပြန်ကြေညာမည်ဖြစ်သော်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်နှင့် ယူရိုပါလိဂ် ဗိုလ်လု ပွဲစဉ်တို့တွင် အင်္ဂလန်ကလပ်အသင်းများ တက်ရောက်ခဲ့ကြသည့် အတွက် အဆိုပါပွဲစဉ်များအပြီး ဇွန် ၁ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နည်းပြဆောက်ဂိတ်ရွေးချယ်ခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်း အပြီးသတ်ကစားသမားစာရင်းတွင် ဂိုးသမားနေရာ၌ ပစ်ဖို့ (အဲဗာတန်)၊ ဒိန်းဟတ်ဒါဆန်(မန်ယူ)နှင့် ဂျွန်စတုန်း(ဝက်စ်ဘရွန်း)၊ ခံစစ်ကစားသမားနေရာ၌ အာနိုး(လီဗာပူး)၊ ထရစ်ပီးယား (အက်သလက်တီကို)၊ ဝေါ်ကာ၊ ဂျွန်စတုန်း(မန်စီးတီး)၊ ရစ်စီဂျိမ်း၊ ဘန်ချီဝဲလ်(ချယ်လ်ဆီး)၊ ကိုဒီ(ဝုဗ်ဗာဟမ် တန်)၊ မက်ဂွိုင်ယာ၊ လုရှောခ်(မန်ယူ)နှင့် တိုင်ရွန်မန်း(အက်စ်တွန်ဗီလာ)တို့ပါဝင်ခဲ့ကြသည်။

ကွင်းလယ်ကစားသမားနေရာ၌ ဟတ်ဒါဆန်(လီဗာပူး)၊ မေဆင်မောင့်(ချယ်လ်ဆီး)၊ ကယ်ဗင်ဖီးလစ်(လိဒ်)၊ ဒီကလန်ရိုဒ် (ဝက်စ်ဟမ်း) နှင့် ဘယ်လင်ဟမ်(ဒေါ့မွန်)၊ တိုက်စစ်ကစားသမားနေရာ၌ ဟယ်ရီကိန်း(စပါး)၊ ဂရီးလစ်ဒ်ရှ်(အက်စ်တွန်ဗီလာ)၊ ဖိုဒန်၊ စတာလင်း(မန်စီးတီး)၊ ရက်ဖို့ဒ်(မန်ယူ)၊ ဆာကာ(အာဆင်နယ်)၊ ကယ်ဗက်လီဝင်(အဲဗာတန်)နှင့် ဆန်ချို(ဒေါ့မွန်)တို့ပါဝင်ခဲ့ကြသည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ခရိုအေးရှား၊ ချက်၊ စကော့တလန်အသင်း တို့နှင့်တစ်အုပ်စုတည်း ကျရောက်နေပြီး ဇွန် ၁၃ ရက်တွင် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref;FotMob