ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး အပြောင်းအရွှေ့ကာလတွင် အမ်ဘတ်ပီ ဆန်ချိုနှင့် ဂရီးလစ်ရှ်တို့၏ ကမ္ဘာ့ စံချိန်တင်အပြောင်းအရွှေ့များ ဖြစ်မြောက်လာဖွယ်ရှိ

နီယွန်၊ ဘောလုံး

လက်ရှိကျင်းပနေသည့် ယူရို ၂၀၂၀ ပြိုင်ပွဲပြီးလျှင် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီ၊ ဒေါ့မွန်အသင်းမှ ဆန်ချိုနှင့် အက်စ်တွန်ဗီလာအသင်းမှ ဂရီးလစ်ရှ် တို့၏ ကမ္ဘာ့စံချိန်တင်အပြောင်းအရွှေ့များ ဖြစ်မြောက် လာဖွယ်ရှိကြောင်း သိရသည်။ မန်ယူအသင်းသည် ကာလရှည်ခေါ်ယူရန် ပစ်မှတ်ထားနေသည့် တောင်ပံကစားသမားဆန်ချိုကို လက်ရှိတွင် စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် စတာလင် ပေါင် ၇၅ သန်းအပြင်  ကစားသမား၏ စွမ်းဆောင်ရည်ကိုစောင့်ကြည့်ပြီး    စတာလင်ပေါင် ငါးသန်းထပ်မံပေးချေကာ စုစုပေါင်းစတာလင်ပေါင် သန်း ၈၀ ဖြင့် ကမ်းလှမ်းမှုပြုလုပ်ထားပြီး  သဘော တူညီမှုရရှိရန် အနီးစပ်ဆုံးအနေအထားတွင်ရှိနေသည်။ အစောပိုင်းတွင် ဒေါ့မွန်အသင်းက မန်ယူ အသင်း၏ စတာလင်ပေါင် ၆၇ သန်းဖြင့်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သော်လည်း ယခုအခါ မန်ယူအသင်းက စတာလင်ပေါင်  သန်း ၈၀ အထိတိုးမြှင့်ကမ်းလှမ်းထားသည့်အတွက်   သဘောတူညီမှုရရှိရန်   အနီးစပ်ဆုံးအနေအထားတွင်ရှိနေပြီး  ယူရိုပြိုင်ပွဲမပြီးဆုံးမီ  အပြောင်း အရွှေ့အတွက် သဘောတူညီမှုရဖွယ်ရှိကာ ပြိုင်ပွဲပြီးဆုံးလျှင် မန်ယူအသင်းနှင့် သွားရောက်ပူးပေါင်း ဖွယ်ရှိနေခြင်းဖြစ်သည်။ အလားတူ   ပီအက်စ်ဂျီအသင်းနှင့်  အနာဂတ်မရေမရာဖြစ်နေသည့် တိုက်စစ်မှူး အမ်ဘတ်ပီသည် ပီအက်စ်ဂျီအသင်းထံမှ ထွက်ခွာခွင့်တောင်းဆိုပြီး နောက်  အသင်းပြောင်းရွှေ့ရန် ပိုမိုသေချာခဲ့ကာ ၎င်းင်းကို ကာလရှည်ခေါ်ယူရန်ကြိုးပမ်းနေသည့် ရီးယဲလ် မက်ဒရစ်အသင်းက ယူရိုပြိုင်ပွဲအပြီးတွင် တရားဝင်ကမ်းလှမ်းမှုများပြု လုပ်ဖွယ်ရှိနေခြင်းဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းမှ စီရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက် အသင်းတိုက်စစ်ပိုင်းတွင် ထိပ်တန်းကစားသမား ခေါ်ယူမှုမပြုလုပ်ခဲ့သော်လည်း လာမည့်အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစား သမားခေါ်ယူမှုများပြုလုပ်ရန်ပြင်ဆင်နေပြီး  ဒေါ့မွန်အသင်းမှ  ဟာလန်းနှင့် အမ်ဘတ်ပီတို့ကိုခေါ်ယူကာ အသင်းမှ ဘင်ဇီမာနှင့်အတူ ကမ္ဘာ့ထိပ်တန်းတိုက်စစ်အတွဲကို ဖန်တီးလိုခြင်းဖြစ်သည်။ လာမည့်အပြောင်းအရွှေ့ကာလတွင်    အသင်းမှ မာရက်ဇ်၊  စတာလင်း  စသည့်ကစားသမားများကို အရောင်းစာရင်းတင်သွင်းထားပြီး အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်လိုနေသည့် မန်စီးတီးအသင်း သည်လည်း အက်စ်တွန်ဗီလာအသင်းမှ ဂရီးလစ်ရှ် ကိုခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ်နေကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြောင်းရွှေ့ကြေး စတာလင် ပေါင်သန်း ၁၀၀ ဖြင့်ခေါ်ယူမည်ဟု   သတင်းများ ထွက်ပေါ်ခဲ့သကဲ့သို့ အက်စ်တွန်ဗီလာအသင်းဘက်မှ လည်း စတာလင်ပေါင် သန်း ၁၀၀ ရရှိပါက ရောင်းချမည်ဖြစ်ကြောင်း  တုံ့ပြန်ထားခြင်းဖြစ်သည်။ မန်စီးတီးအသင်းက ယူရိုပြိုင်ပွဲအပြီးတွင် ဂရီးလစ်ရှ်ကို စတာလင်ပေါင်  သန်း  ၁၀၀  အထိပေးပြီး   ခေါ်ယူရန်နီးစပ်လျက်ရှိကြောင်း သိရသည်။