ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
နေပြည်တော်၊ ဩဂုတ်- ၂၁
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ရခိုင်ပြည် နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ရောဂါကျဆင်းရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။