ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 
နေပြည်တော်၊ ဇူလိုင် - ၂၈

 
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံတွဲ၊ ဘူးသီတောင်၊ မောင်တောမြို့နယ်များအတွင်း ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

 
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရေများပြန်လည်ကျင်းသွားသဖြင့် အဆိုပါမြို့နယ်အသီးသီး၌ ရေကြီးနစ်မြုပ်ခဲ့သည့် ဆေးရုံများ၊ လမ်းများ၊ ရုံးအဆောက် အဉီများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများတွင် တင်ကျန်ရစ်သည့်ရွှံ့နွံများနှင့် အမှိုက်များဖယ်ရှားရှင်းလင်းခြင်း၊ လူနာများရွှေ့ပြောင်းပေးခြင်း၊ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးသည်။ ထို့အပြင် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။
ထို့အပြင် သံတွဲမြို့၊ ဓားသွေးကျောက်ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၇ ရက်တွင် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက စက်တပ်ရာဘာလှ ၂ စီး ဖြင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသည်။ ၎င်းအပြင် ယနေ့တွင် ရေများ ပြန်လည်ကျဆင်းသွားသဖြင့် သံတွဲမြို့အဝင် ဂွ-သံတွဲကားလမ်းပေါ်၌ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ လမ်းချော်မှုဖြစ်ပွားခဲ့သည့် ရန်ကုန်- သံတွဲပြေးဆွဲ လျက်ရှိသည့် ရိုးမသစ္စာကုန်တင်ယာဉ်မှ ကုန်ပစ္စည်းများအား သယ်ယူရွှေ့ပြောင်း ပေးခြင်းနှင့် ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။