ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကိစ္စရပ်များဖြစ်ပေါ်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထား ရှိမှုအား ကြည့်ရှု

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကိစ္စရပ်များဖြစ်ပေါ်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထား ရှိမှုအား ကြည့်ရှု

နေပြည်တော်၊ ဩဂုတ် - ၉

ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝ ဘေးအန္တရာယ်ကိစ္စရပ်များဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် ယာယီခိုလှုံနိုင်ရန် မုန်တိုင်းဒဏ်ခံအဆောက်အဦများ၊ ရေယာဉ်၊ မော်တော်ယာဉ်၊ ဖိုက်ဘာလှေများနှင့် ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း များကို ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိသည်။

ထိုသို့ ဆောင်ရွက်ထားရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး တို့က စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာနှင့် ပလ္လင်ပြင် ကျေးရွာတို့ရှိ မုန်တိုင်းဒဏ်ခံအဆောက်အဦများနှင့် ဘောဒူဖကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းဝန်းအတွင်းရှိ ဘက်စုံသုံးအဆောက်အဦများအားလည်းကောင်း၊ ရခိုင်ပြည်နယ် ကြက်ခြေနီအသင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ရှိ ဂိုဒေါင်များတွင် အသင့်သိုလှောင်ထားရှိသော ဖိုက်ဘာလှေများ၊ ထောက်ပံ့ရေးပစ္စည်းမျိုးစုံတို့အား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။