ရခိုင်ပြည်နယ်၊ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်

ရခိုင်ပြည်နယ်၊ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ - ၁၆

ရခိုင်ပြည်နယ်၊ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ရှိ ဦးဥတ္တမခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဒိုင်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ဆုပေးပွဲကို ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ဆီမီးတစ်ထောင်ကြာသွပ်ပွဲ ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်၍ ဖွင့်လှစ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဒိုင်အဖွဲ့ဝင်များနှင့် ဆုရရှိကြသူများ အား ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဂုဏ်ပြုငွေသားဆုများနှင့် ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။