ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးကောလိပ်၌ ကိုဗစ် -၁၉ ရောဂါ ကုသရေးဌာနဖွင့်လှစ်

ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးကောလိပ်၌ ကိုဗစ် -၁၉ ရောဂါ ကုသရေးဌာနဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၃
    

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအား လက်ခံကုသနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးကောလိပ်၌ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနကို ယနေ့တွင် ဖွင့်လှစ်ခဲ့ရာ ရန်ကင်းမြို့နယ်၊ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ ဝိလာသ အမှူးပြု သည့် ဆရာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စေတနာ ရှင်၊ အလှူရှင်များ တက်ရောက်ကြသည်။
  

 ဦးစွာ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနဖွင့်လှစ်ခြင်းအတွက် ရန်ကင်း မြို့နယ်၊ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်အမှူးပြုသည့် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ရေစက် သွန်းချ အမျှပေးဝေကြသည်။
    

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ ကုသရေးဌာနကို ဖွင့်လှစ်ပေးကြပြီး လူနာများ စတင် လက်ခံကုသနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှုလိုက်လံကြည့်ရှုစစ်ဆေးရာ ကုသရေးဌာနရှိ အဆောင် ၂ ဆောင်၌ လူနာ ၆၀၀ ဦး လက်ခံနိုင်မည့် အခြေအနေများ၊ လူနာများနှင့် အထောက်အကူပြုအဖွဲ့များ အားလုံးအတွက် လိုအပ်သည်များပြင်ဆင်ထားရှိမှု အခြေအနေများ၊ အောက်ဆီဂျင်လိုအပ် မည့် လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်းသွယ်တန်းထားရှိမှုအခြေအနေများ၊ စေတနာရှင်အလှူရှင်များမှ လှူဒါန်းထားရှိမှုအခြေအနေများကို တာဝန်ရှိ သူများက ရှင်းလင်း တင်ပြကြသည်။
    

ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ဌာနဆိုင်ရာများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။