ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ Mask များပေးဝေ လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၈

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်း မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်နယ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask  စုစုပေါင်း ၁၇၀၀၀ ခုကို အခမဲ့သွားရောက်ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။