ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများထိရာက်စွာဆောင်ရွက်နိုင်ရန်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများထိရာက်စွာဆောင်ရွက်နိုင်ရန်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးပြုလုပ်

နေပြည်တော်၊ ဇူလိုင်- ၂၈
    
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရာက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်း အဝေးခန်းမ(၄)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းပြောကြားပြီး တိုင်းမှူးက လိုအပ်သည် များဖြည့်စွက်မှာကြားသည်။ ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များက အသီးသီး ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။