ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့်အစီအစဉ်အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့်အစီအစဉ်အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ် - ၂၄

    ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့ နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများလက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၉ ခုမှ အိမ်သုံးဆေးဝါး ၂၉၇ မျိုးအား ရောင်းချပေးလျက်ရှိပြီး သိန်း ၈၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
    အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း သတ္တမ မြောက်နေ့အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် သိန်း ၃၀ ကျော်တန် ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ရွေ့လျားဈေးကားဖြင့် ကြက်၊ ဝက်၊ ဆိတ်နှင့် အမဲသားတို့အား ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။