ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA)မှကြီးမှူးကျင်းပသည့်(၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA)မှကြီးမှူးကျင်းပသည့်(၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၈

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)မှ ကြီးမှူးကျင်းပသည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ ရာသက်ပန်နာယကကြီး၊ သတိုးသီရိ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ မဟာသရေ စည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို)ဒုတိယ ဉက္ကဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူ က ဖတ်ကြားသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဉက္ကဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းက အမျိုးသားအောင်ပွဲနေ့အကြောင်းပြောကြားကာ ဘွဲ့တံ ဆိပ်တော်များ ချီးမြှင့်သည်။
ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)၏ ၂၀၂၂-၂၀၂၄ အတွက် လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်မည့်အလုပ်မှုဆောင် အမည်စာရင်း ကြေညာခြင်းနှင့် ကျမ်းသစ္စာပြုခြင်းကို ဆောင်ရွက်ကာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို) ဉက္ကဌအသစ်အဖြစ် ပြန်လည်တင်မြှောက်ခြင်းခံရသော ဦးရဲထွန်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ဇာတိမာန်သီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။