ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရွှေဆိုင်တစ်ဆိုင်အား သေနတ်ပြ၍ ခြိမ်းခြောက်လုယူရန် ကြိုးစားခဲ့သူ ၅ ဦးအား ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဖမ်းဆီးခဲ့ရာ လုယူရန်ကြိုးစားခဲ့သူ အမျိုးသား ၁ ဦးအား ပစ္စတိုသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရွှေဆိုင်တစ်ဆိုင်အား သေနတ်ပြ၍ ခြိမ်းခြောက်လုယူရန် ကြိုးစားခဲ့သူ ၅ ဦးအား ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဖမ်းဆီးခဲ့ရာ လုယူရန်ကြိုးစားခဲ့သူ အမျိုးသား ၁ ဦးအား ပစ္စတိုသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၁

            ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရွှေဆိုင်တစ်ဆိုင်အား သေနတ်ပြ၍ ခြိမ်းခြောက် လုယူရန် ကြိုးစားခဲ့သူ ၅ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဖမ်းဆီးခဲ့ရာ လုယူရန်ကြိုးစားခဲ့သူ အမျိုးသား ၁ ဦးအား ပစ္စတိုသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ အမှတ်(၄၅)၊ သမိုင်းကုန်းကျော်တံတားအဆင်းရှိ “လှသီတာ” ရွှေဆိုင်သည် ဖွင့်လှစ်ရောင်းချရန် ပြင်ဆင်နေစဉ် အဆိုပါဆိုင်ရှေသို့ YGN 7D-8630 TOYOTA CROWN  အဖြူရောင်ယာဉ်တစ်စီး ရောက်ရှိလာပြီး ယာဉ်ပေါ်မှ အမျိုးသား ၅ ဦးက ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်ပြခြောက်လှန့်၍ ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများအား လုယူရန် ကြိးစားခဲ့သည်ကို အဆိုပါဆိုင်ရှင်ဖြစ်သူနှင့် လုံခြုံရေးဝန်ထမ်းများ၊ ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး ခဲ့ရာ အကြမ်းဖက်သူ ၄ ဦးမှာ အဆိုပါမော်တော်ယာဉ်ဖြင့်ပင် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး လှိုင်သာယာ မြို့နယ်၊ မီးခွက်ဈေး၊ မီးခွက် (၁)လမ်း၊ အမှတ်(၂၈၉)နေ ဝေယံ(ခ)အသေးလေး၊ (၁၈)နှစ် (ဘ) ဦးမျိုးဇော် အား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၈ တောင့်နှင့် ကျည်ခွံ ၁ ခုတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ပါသည်။

            ထိုကဲ့သို့ သေနတ်ပြခြောက်လှန့်၍ ရွှေထည်ပစ္စည်းများအား လုယူရန်ကြိုးစားခဲ့ပြီး ထွက်ပြေး သွားသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖမ်းဆီးရမိသူ ဝေယံ(ခ)အသေးလေးအား စစ်ဆေး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။