ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာမြို့နယ်များရှိ စက်မှုဇုန်များတွင် မီးရှို့မှုများဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာမြို့နယ်များရှိ စက်မှုဇုန်များတွင် မီးရှို့မှုများဖြစ်ပွား

    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းရှိ အမှတ်(၄၀)ရှိ Global Fashion အထည်ချုပ် စက်ရုံ၊ အမှတ်(၄၀၆)ရှိ ဝေကြယ်အထည်ချုပ်စက်ရုံ၊ ရွှေနဂါးဓါတ်မြေသြဇာစက်ရုံ၊ ဦးထွန်းညို လမ်းနှင့် ဦးဖိုးလှိုင် လမ်းထောင့်ရှိ အမှတ်(၉၄/၉၅) ယွမ်ဟောင်အထည်ချုပ်စက်ရုံ၊ အမှတ်(၇)ရပ်ကွက်၊ အင်းစိန်-ညောင်တုန်းလမ်းမကြီးအနီးရှိ အထည်ချုပ်စက်ရုံ၊ မင်းကြီးမဟာ မင်းခေါင်လမ်းရှိ အမှတ်(၂၇၃)၊ စမ်းမာထက် အထည်ချုပ်စက်ရုံတို့အား မီးရှို့မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ လှိုင်သာယာနယ်မြေမီးသတ်စခန်း၊ ရွှေလင်ဗန်းအရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ရန် ဆောင်ရွက်သော်လည်း ဆန္ဒပြဆူပူ လှုပ်ရှားသူများသည် မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍မရအောင် ပိတ်ဆို့ တားဆီးခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာ ခဲ့သော်လည်းအတားအဆီးပိတ်ဆို့မှုများကြောင့် လက်ရှိအချိန်အထိ မီးလောင်ပြင်သို့ ရောက်ရှိ ခြင်း မရှိကြောင်း သတင်းရရှိပါသည်။
    
အလားတူ ညနေ ၅ နာရီ ၁၆ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာလမ်းနှင့်ပုလဲလမ်းထောင့်ရှိ Honor Appareal အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား ခဲ့ပါသည်။ အဆိုပါမီးလောင်မှုသို့ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရန် ဆောင်ရွက် သော်လည်း ဆန္ဒပြဆူပူလှုပ်ရှားသူများသည် မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင်ပိတ်ဆို့တားဆီးခဲ့ပါသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
    
အလားတူ ညနေ ၅ နာရီ ၁၆ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာအနောက်ဘက်ရှိ ဖူဆယ်ဘောလုံးကွင်း အစောင့်နေအိမ်တွင် ဆန္ဒပြဆူပူလှုပ်ရှားသူများမှ မီးရှို့မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုသို့ မြောက်ဥက္ကလာပ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရန် ဆောင်ရွက်သော်လည်း ဆန္ဒပြ ဆူပူလှုပ်ရှားသူများမှ မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင်ပိတ်ဆို့ တားဆီးခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာ ငြှိမ်းသတ်နိုင်ခဲ့ပါသည်။
    
အလားတူ ညနေ ၅ နာရီ ၂၃ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်(၂)ရှိ ရွှေပြည်သာလမ်းနှင့်ဘုရင့်နောင်လမ်းရှိ Myanmar Solo Moda အထည်ချုပ်စက်ရုံ၊ JCK အထည်ချုပ်စက်ရုံ၊ အမှတ်(၆)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုသို့ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရန် ဆောင်ရွက်သော်လည်း ဆန္ဒပြဆူပူလှုပ်ရှားသူ များမှ မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင် ပိတ်ဆို့တားဆီးခဲ့ ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ် နိုင်ခဲ့သည်။ 
    
ထို့ပြင် စက်မှုဇုန်(၂)၊ ဒေါ်ဖွားရှင်လမ်း၊ အမှတ်(၁၁/၁၂)ရှိ Myanmar Sunview Co.,Ltd အတည်ချုပ်စက်ရုံအား ညနေ ၅ နာရီနာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ သံချပ်ဝန် ဦးညွန့်လမ်း၊ အမှတ်(၈၉/၉၀)ရှိ Suntime  JCK အထည်ချုပ်စက်ရုံအား ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် လည်းကောင်း၊ ဝါးတစ်ရာစက်မှုဇုန်၊ အမှတ် (၁၅၇/၁၅၈)ရှိ   Wanxinda  အိတ်ချုပ်စက်ရုံအား ည ၆ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရန် ဆောင်ရွက်သော်လည်း ဆန္ဒပြဆူပူလှုပ်ရှားသူများမှ မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင် ပိတ်ဆို့တားဆီးခဲ့ ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ် နိုင်ခဲ့သည်။ 
    
၎င်းအပြင် လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းရှိ မြဝတီဘဏ်ရှိ ATM စက်အား ဆူပူအကြမ်းဖက်သူလူတစ်စုက ဓာတ်ဆီပုလင်း ၄ ပုလင်းဖြင့် ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိသည်။