ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန် လမ်းချော်၍  လမ်းဘေးရှိ ကုက္ကိုပင်အား ဝင်ရောက်တိုက်မိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန် လမ်းချော်၍  လမ်းဘေးရှိ ကုက္ကိုပင်အား ဝင်ရောက်တိုက်မိ

နေပြည်တော် စက်တင်ဘာ ၁၈

ရန်ကုန်-မန္တလေး   အမြန်လမ်းမကြီး တပ်ကုန်းမြို့နယ်   ဘုရားတောင်အမြန် လမ်းမကြီး ရဲစခန်းအပိုင်၌ ယမန်နေ့ ညပိုင်းတွင် အိမ်စီးမော်တော်ယာဉ် တစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည  ၈ နာရီ ၄၅ မိနစ်ခန့်တွင်    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၄၄/၄) နှင့် (၂၄၄/၅)အကြား၌ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဝင်းမြင့် ၃၉ နှစ် အမရပူရမြို့နယ်နေထိုင်သူ မောင်းနှင်လာသော ယာဉ်အမှတ် MDY-EE/----TOYOTA MARK ခဲရောင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်လွန်လမ်းချော်၍ လမ်းဘေးရှိ   ကုက္ကိုပင်အား ဝင်ရောက် တိုက်မိခဲ့သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ကျော်မင်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်စခန်းမှ   လက်ထောက်မီးသတ် ဦးစီးမှူး  ဦးတင့်မင်းဇော်နှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးရာ   ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့်အတူ   အမျိုးသမီးတစ်ဦးတို့ပါရှိပြီး  ယာဉ်ပေါ်ပါရှိသူတို့မှာ  ထိခိုက်ဒဏ်ရာမရရှိဘဲ မော်တော်ယာဉ်မှာ ငွေကျပ် လေးသိန်းဖိုးခန့် ထိခိုက်ပျက်စီးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍   ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း  ဝင်းမြင့်အား ဘုရားတောင်အမြန် လမ်းမကြီးရဲစခန်းမှ(ပ)၁၇/၂ဝ၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။