ရီးယဲလ်မက်ဒရစ်အသင်းက အမ်ဘတ်ပီကိုခေါ်ယူရန် ခက်ခဲနိုင်သည့်အတွက် လီဗာပူးအသင်းမှ ဆာလက်ချ်ကို ပစ်မှတ် ပြောင်းကမ်းလှမ်းရန်ပြင်ဆင်

မက်ဒရစ်၊ ဘောလုံး

ရီးယဲလ်မက်ဒရစ်အသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကိုခေါ်ယူရန်  ပြင်ဆင်ထားသော်လည်း ပီအက်စ်ဂျီအသင်းက လက်လွှတ်မခံလိုသောကြောင့် ခေါ်ယူရန်ခက်ခဲနိုင်သည့်အတွက်  လီဗာပူးအသင်းမှ  ဆာလက်ချ်ကို ပစ်မှတ်ပြောင်းကမ်းလှမ်းရန်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပီအက်စ်ဂျီအသင်း နှင့် စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့သည့် အမ်ဘတ်ပီကို အစောပိုင်းက ဦးစားပေးပစ်မှတ်အဖြစ် ကမ်းလှမ်းရန်ပြင်ဆင်ထားသော်လည်း ပီအက်စ်ဂျီ အသင်းက  လက်လွှတ်မခံလိုသည့်အတွက် မြင့်မား သော ပြောင်းရွှေ့ကြေးတစ်ရပ် သတ်မှတ်လာနိုင်သည့် အခြေအနေများကြောင့် ရီးယဲလ်မက်ဒရစ်အသင်းက တစ်နှစ်နောက်ဆုတ်ပြီး လာမည့်နှစ်အပြောင်းအရွှေ့ ကာလမှသာ အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ခေါ်ယူ ဖွယ်ရှိနေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးအသင်းမှ ဆာလက်ချ်ကို ပြီးခဲ့သည့်နှစ်ပိုင်းကတည်းက ခေါ်ယူ ရန် သတင်းများထွက်ပေါ်ဖူးပြီး လက်ရှိတွင်လည်း အိုလံပစ်ပြိုင်ပွဲဝင်ရောက်ရန် တားမြစ်ခြင်းနှင့်ပတ်သက်၍ လီဗာပူးအသင်းမှ တာဝန်ရှိသူများနှင့် ဆာလက်ချ် တို့ကြား ဆက်ဆံရေးမပြေလည်သည်ကို အခွင့်ကောင်းယူကာ   ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်စီစဉ် လာခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းတိုက်စစ်ပိုင်းကို ကြီးမားသည့်အပြောင်း အလဲပြုလုပ်လိုသောကြောင့် လက်ရှိ အပြောင်းအရွှေ့ ကာလတွင် အမ်ဘတ်ပီထက် ဆာလက်ချ်ကိုသာ ဦးစားပေးပစ်မှတ်အဖြစ် ရွေးချယ်ကမ်းလှမ်းလာဖွယ် ရှိကြောင်း သိရသည်။           

Ref;As