ရီးယဲလ်မက်ဒရစ်အသင်းမှ ခံစစ်ကစားသမားဗာရာနီကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃  ဒသမ ၅ သန်းဖြင့် မန်ယူအသင်းခေါ်ယူရန် သဘောတူညီမှုရရှိ

ရီးယဲလ်မက်ဒရစ်အသင်းမှ ခံစစ်ကစားသမားဗာရာနီကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃  ဒသမ ၅ သန်းဖြင့် မန်ယူအသင်းခေါ်ယူရန် သဘောတူညီမှုရရှိ

မန်ယူအသင်းသည်  ရီးယဲလ်မက်ဒရစ်အသင်းမှ  ခံစစ်ကစားသမား ဗာရာနီကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃၈ ဒသမ ၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး ဇူလိုင် ၂၈ ရက်တွင် ဆေးစစ်မှုများ ပြုလုပ်ကာ  တရားဝင်စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းခံစစ်နေရာ၌ အသင်းခေါင်းဆောင်    မက်ဂွိုင်ယာနှင့် တွဲဖက်ကစားရန် လက်ရှိ ကစားသမားလင်ဒီလော့ဖ်၏ ခြေစွမ်းပိုင်းကို စိတ်ချရခြင်းမရှိသည့်အတွက် ဗာရာနီအား အစောပိုင်းကတည်းက ခေါ်ယူလိုခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ဇွန်လကတည်းက ဗာရာနီကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကာ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ရီးယဲလ်မက်ဒရစ် အသင်းမှ  တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီးနောက်  ယခုအခါ ပြောင်းရွှေ့ကြေး စတာလင်ပေါင်  ၃၈ ဒသမ  ၅ သန်းဖြင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် ဗာရာနီသည် ရီးယဲလ် မက်ဒရစ်အသင်းနှင့်   စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် ရီးယဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုခြင်း မရှိတော့သောကြောင့်  လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလ ကတည်းက ရောင်းချခြင်းဖြစ်သည်။

မန်ယူအသင်းသည် လက်ရှိကစားသမားအပြောင်း အရွှေ့ကာလတွင် အစောပိုင်းက ဒေါ့မွန်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇၃ သန်းဖြင့်ခေါ်ယူခဲ့ပြီးနောက် ယခုအခါ ဗာရာနီကို ဒုတိယမြောက် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် အသင်းခံစစ်ပိုင်းအတွက် ဗာရာနီကိုခေါ်ယူနိုင်ခဲ့ပြီးနောက်   နောက်ထပ်ခံစစ် ကစားသမားခေါ်ယူမှုအဖြစ်    ဆီဗီလာအသင်းနှင့်   အနာဂတ်မရေမရာ ဖြစ်နေသည့်  ခံစစ်ကစားသမား ကွန်ဒီကိုခေါ်ယူရန်   ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Ref:90Min