ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရရှိသည့် ကစားသမားအဖြစ် တောင်ပံကစားသမား မာဆယ်လို စံချိန်သစ်တင်

ရီးယဲလ်မက်ဒရစ်အသင်း  ဝါရင့်တောင်ပံကစားသမား  မာဆယ်လိုသည်  ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ   စပိန်လာလီဂါဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဆုဖလား အများဆုံး ရရှိသည့် ကစားသမားအဖြစ်  စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ် အသင်းသမိုင်းတစ်လျှောက် ဆုဖလား အများဆုံးရရှိထားသည့် ကစားသမားအဖြစ် မာဆယ်လိုမတိုင်မီက   ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ဂျန်တိုက  စုစုပေါင်းအဓိကဆုဖလား ၂၃ ကြိမ်ဖြင့် စံချိန်တင်ထားရာ ယခုအခါ မာဆယ်လိုက စုစုပေါင်းဆုဖလား ၂၄ ကြိမ်ကို တစ်ကြိမ်အသာဖြင့် ကျော်ဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် မာဆယ်လိုသည် ၂၀၀၇ ခုနှစ်က   ဘရာဇီးကလပ်   ဖလူမင်နိစ်အသင်းမှ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကြေးယူရို ၆ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး  အသင်းနှင့်အတူ ၁၅ နှစ်ကြာ ကစားခဲ့ပြီးနောက် ဆုဖလားအများဆုံး ရရှိသည့်  ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မာဆယ်လိုသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အတူ ယခုဘောလုံးရာသီတွင် စပိန်လာလီဂါပြိုင်ပွဲတွင်  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းနှင့် အတူ စပိန်လာလီဂါချန်ပီယံဆုဖလား ခြောက်ကြိမ်အထိ   ဆွတ်ခူးနိုင်ခဲ့ပြီး   တခြားဆုဖလားများအဖြစ်   ချန်ပီယံလိဂ်ချန်ပီယံဆုဖလား  လေးကြိမ်၊ စပိန်ဘုရင်ဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား ငါးကြိမ်၊ ဥရောပစူပါဖလား သုံးကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား လေးကြိမ် စုစုပေါင်း ချန်ပီယံဆုဖလား ၂၄ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

မာဆယ်လိုသည် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၅၄၅ ပွဲကစားပြီး  ၃၈ ဂိုးအထိ သွင်းယူနိုင်ကာ  ဂိုးဖန်တီးမှု ၁၀၃ ကြိမ်အထိ ပြုလုပ်ထားသူဖြစ်ကြောင်း သိရသည်။        

Ref;Dailymail