ရုရှားကာကွယ်ရေးဒုဝန်ကြီး Colonel General Alexander V. Fomin ၏ အင်တာဗျူးအမေး/အဖြေများ ဘာသာပြန်ဆိုမှုအား တင်ပြခြင်း

ရုရှားကာကွယ်ရေးဒုဝန်ကြီး Colonel General Alexander V. Fomin ၏ အင်တာဗျူးအမေး/အဖြေများ ဘာသာပြန်ဆိုမှုအား တင်ပြခြင်း

၁။ ကျွန်တော့အနေနဲ့ မြန်မာနိုင်ငံအကြောင်းကို ရင်းနှီးသိကျွမ်းခဲ့တာဟာ ဆိုရင် ဆယ်စုနှစ် တစ်ခုကို ကျော်ခဲ့ပါပြီ။ ၂၀၀၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပြီး သာယာလှပတဲ့ မြန်မာနိုင်ငံရဲ့ အလှအပက ပထမဆုံးအကြိမ် မှာတင်ကျွန်တော့်ကို အရမ်းနှစ်သက် သဘောကျစေပါတယ်။ ကျွန်တော်ခုချိန်ထိ အမှတ်ရနေတာတစ်ခုကတော့ လေယာဉ်ဆင်းသက်ခါနီးမှာ နေရောင်ကြောင့် ရွှေရောင် တွေ တဖိတ်ဖိတ်တောက်နေတဲ့ ဘုရားပုထိုးတွေကို လှမ်းမြင်နေရတာပါပဲ။ တစ်ချိန်တည်း မှာပဲ ဘာဖြစ်လို့ မြန်မာနိုင်ငံကို ရွှေရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ရွှေမြန်မာနိုင်ငံလို့ ခေါ်လဲဆိုတာကို နားလည် သဘောပေါက်ခဲ့ပါတယ်။ ပြီးတော့ ရွှေတိဂုံစေတီတော်ကို သွားရောက်လေ့လာတဲ့ အခါမှာလဲ အံဩစရာကောင်းလောက် အောင် ကမ္ဘာ့အဆင့် အတန်းမီ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး စေတီတော်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို တွေ့ရှိခဲ့ရပါတယ်။

    ဒါ့အပြင် အင်းလေးဒေသမှာ နေထိုင်သူတွေရဲ့ နေထိုင်မှုပုံစံနဲ့ အင်းလေးကန်အလှ၊ သစ်ပင်ပန်းပင်များနဲ့ အလှဆင်ထားတဲ့ အေးချမ်းသာယာလှတဲ့ ပြင်ဦးလွင်မြို့ရဲ့ အလှ၊ လူနေမှု အဆင့်အတန်း မြင့်မားတဲ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့ရဲ့ အလှ၊ ရန်ကုန်မြို့မှာရှိတဲ့ ၁၉ ရာစုနှစ်က သမိုင်းဝင် အဆောက်အအုံများ စတာတွေကို အခုချိန်ထိ အမှတ်ရ နေတုန်းပါပဲ။

    အမြဲတမ်းရင်ထဲထိစွဲနေအောင် အမှတ်ရနေတာကတော့ မြန်မာလူမျိုးတဲ့ ပွင့်လင်းမှု၊ ဖော်ရွေမှု၊ ရိုးသားမှု ၊ ယဉ်ကျေးမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုတွေပဲ ဖြစ်ပါတယ်။

၂။    ကျွန်တော်အနေနဲ့ မပြောနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ သုံးသပ်ဖို့ ကျွန်တော့်မှာ အခွင့်အရေးမရှိပါဘူး။

တစ်ဖက်ကကြည့်မယ်ဆိုရင် အေးချမ်းစွာနေလိုတဲ့ ပြည်သူလူထုတွေ၊ တာဝန်သိ အစိုးရဝန်ထမ်းတွေ၊  မိမိအလုပ်ကို တန်ဖိုးထားသူတွေကို ခြိမ်းခြောက် ၊ညှင်းပန်းနှိပ်စက်၊ နှောင့်ယှက်တဲ့ လုပ်ရပ်တွေကို ဘယ်နိုင်ငံ ဘယ်အစိုးရမှ လက်မခံပါဘူး၊ ဒီလို လုပ်ဆောင် ခြင်းဟာလည်း စစ်မှန်တဲ့ ဒီမိုကရေစီကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။

ကျန်းမာရေး ဝန်ထမ်းဆိုတာက လူ့အသက်နဲ့ လူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ကာကွယ်ပေးတဲ့ လွန်စွာမြင့်မြတ်သော အလုပ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေဟာ မေတ္တာနဲ့ ဂရုဏာထားပြီး လူသားတွေအပေါ် ဂရုစိုက်မယ်ဆိုရင် ပိုမိုကောင်းမွန်ပါတယ်။ အခုလို တစ်ကမ္ဘာလုံး ကပ်ရောဂါ ဆိုက်နေ ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေဟာ မိမိကိုယ်တိုင်က တက်ကြွစွာနဲ့ လူသားတွေကို ပိုမိုကူညီသင့်တယ်လို့မြင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ ကောင်းမွန်စွာ လေ့ကျင့် သင်ကြားထားပြီးတဲ့ လူတွေဖြစ်တယ်၊ မိမိ ပရော်ဖက်ရှင်နယ်ကိုလည်း ယုံကြည်ချက် ခံယူချက်မြင့်မားစွာထားတဲ့လူတွေဖြစ်တာရယ် တိုင်းသူပြည်သားတွေ အတွက်လည်း လိုအပ်တာ ဖြစ်တဲ့အတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိစွာဖြင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

၃။    မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ် ရန် လိုအပ်သလို နိုင်ငံရေး အပြောင်းအလဲကြောင့်လဲ စိန်ခေါ်မှုတွေများစွာ ကြုံတွေ့နေ ရတဲ့ အချိန်လည်းဖြစ်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဉပေဒေ အတိုင်း နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်နေတယ်လို့လဲ သိရပါတယ်။ ပြည်တွင်းတည်ငြိမ်မှု ရရှိလာရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးပြီးတော့ အနိုင်ရတဲ့ ပါတီကို တိုင်းပြည်အာဏာ ပြန်လည် လွဲပြောင်းပေးမယ်လို့လဲ သိရှိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ ပြည်ပရဲ့ စီးပွားရေး ပိတ်ဆို့မှုအောက်မှာ ဆယ်စုနှစ် ပေါင်းများစွာ နေခဲ့ရပေမယ့်လည်း အဲ့ဒီအချိန်က တပ်မတော်အစိုးရက ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

    အနောက်နိုင်ငံ မီဒီယာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအကြောင်းကို ဖြစ်ပေါ်နေတဲ့ အခြေအနေကိုမချပြပဲ သူတို့စိတ်ကြိုက် ဖော်ပြနေတယ်ဆိုတာက မထူးဆန်းပါဘူး။ အနောက်မီဒီယာတွေက စိတ်ကူးယဉ်ဆန်ဆန် လုပ်ဆောင်ကြတယ်။ တစ်ကယ်ဖြစ်ပျက် နေတာကို မြင်ချင်မှလည်းမြင်တယ်၊ ဒါပေမယ့် မရှိတဲ့ အရာကိုလည်း ပုံကြီးချဲ့ ရေးသား တတ်တာက သူတို့ရဲ့ အကျင့်ပဲလေ။ ကူးစက်ရောဂါတွေဖြစ်ပွားနေချိန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာတာကလဲ လူတွေရဲ့ စားဝတ်နေရေးကို ပိုမိုအခက်တွေ့ စေပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ အနောက်နိုင်ငံက ပိတ်ဆို့မှုတွေ ပြုလုပ်လို့မရနိုင်တဲ့ နည်းတွေကို စဉ်းစားရမယ်။ ရုရှားနိုင်ငံကိုလည်း စီးပွားရေး ပိတ်ဆို့မှု တွေ ပိုမို လုပ်ဆောင်လာတာလဲ တွေ့ရတယ်။

    ဘယ်လိုပဲ  ပြည်တွင်းရေး၊ နိုင်ငံရေးအခက်အခဲတွေ တွေ့ကြုံနေရလည်း မြန်မာ နိုင်ငံနဲ့ ရုရှားနိုင်ငံဟာ မဟာဗျူမြောက် မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့အတိုင်း နှစ်နိုင်ငံ တပ်မတော်အကြား အပြန်အလှန် ကူညီမှုတွေရှိတယ်။ ဒါ့အပြင် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်၊ အားကစားနယ်ပယ်တို့မှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။

၄။    မြန်မာနိုင်ငံနဲ့ ဆိုဗီယက်ပြည်ထောင်စုမှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ တူညီတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ၁၉၄၂ ခုနှစ်မှာ ဖက်ဆစ်ကျူးကျော်သူဂျပန်တွေ သိမ်းပိုက်ခဲ့တဲ့ မြန်မာနိုင်ငံကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တွေကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နိုင်ခဲ့တယ်။ ဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဖက်ဆစ်ကို အတူတူတွန်းလှန် တိုက်ထုတ်ခဲ့တဲ့ သမိုင်းပဲ။ ဒီလိုသမိုင်းကြောင်းမျိုးကို မေ့ပစ်လို့မရပါဘူး။

    လက်ရှိကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုတွေဖြစ်နေတာအတွက် နိုင်ငံတိုင်းက ကြုံလာ နိုင်တဲ့ စိန်ခေါ်မှု အသစ်အသစ်တွေ၊ ခြိမ်းခြောက်မှုတွေ၊ အခက်အခဲတွေ အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ထင်တယ်။ မြန်မာနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယ သမုဒ္ဒရာကြားတည်ရှိနေပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးကုန်းတွင်းပိုင်းနိုင်ငံ ဖြစ် တယ်။ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကတော့ အာရှ-ပစိဖိတ် ဒေသတွင်းကိစ္စတွေကို ပါဝင် လိမ့်မယ်လို့ မထင်ပါဘူး။ နိုင်ငံတကာ ဆက်ဆံရေးမှာ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေရန်အတွက် အပြန်အလှန်ကူညီပေးနိုင်တဲ့ မဟာမိတ်နိုင်ငံတွေဖွဲ့ရတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှားနဲ့ မဟာမိတ်နိုင်ငံအဖြစ် အမြဲ ယုံကြည်လို့ရတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထဝီအနေ အထားအရ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်စီးဆင်းမှုများမှာ မဟာဗျူဟာမြောက် အနေအထားမှာ ရှိခြင်းကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာရှ-ပစိဖိတ် ဒေသတွင်း မဟာဗျူဟာမြောက် အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေ နဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားလာကောင်းတွေ များစွာရှိတယ်လို့ ကျနော်မြင်ပါတယ်။

၅။    အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့မဟာမိတ်တွေကတော့ အာရှ-ပစိဖိတ်အရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတာကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိက အချက်အခြာနေရာဟာ သဘာဝသယံဇာတများနဲ့ သယ်ယူ ပို့ဆောင်ရေး အခွင့်အလမ်းများစွာရှိတဲ့ အရှေ့တောင်အာရှ ဒေသရပ်ဝန်း ဖြစ်နေလို့ ဖြစ်ပါတယ်။ အဓိကကတော့ အာရှ-ပစိဖိတ်ဒေသကို စိုးမိုးနိုင်ရင် စီးပွားရေး ကောင်းမွန်စွာ တိုးတက် လာမှာဖြစ်တယ်။

    အမေရိကန်နိုင်ငံအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်ခွင့် ခေါင်းစဉ်နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ပင်လယ်ရေကြောင်းနဲ့ လေယာဉ်ပျံသန်းနိုင်ရေး လွတ်လပ်စွာ သွားလာနိုင်ရေးကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိတယ်။ အမှန်တစ်ကယ် နောက်ကွယ်မှာ သူတို့လိုချင်နေတာကတော့ ဒေသတွင်း လှုပ်ရှားမှုများကို ထိန်းချုပ် ခြင်းဖြင့် စီးပွားရေးအရ အကျိုးအမြတ်များရမည့်အပြင်၊ ပထဝီအနေအထားအရ စစ်ရေး မဟာဗျူဟာမြောက်တဲ့နေရာကို ပိုင်ဆိုင်လိုခြင်းလည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေ မှာတော့ ဒေသတွင်း ကိစ္စရပ်များနှင့်ပတ်သက်ပြီး နီးစပ်တဲ့ နိုင်ငံများမှ အပြန်အလှန် ဆက်သွယ်မှုဖြင့် ဆုံးဖြတ်ကိုင်တွယ် ဖြေရှင်းနေပါတယ်။

    ဒေသတွင်းကိစ္စရပ်များကို အနောက်အုပ်စုများ ပါဝင်ပတ်သက်နေခြင်းက အာဆီယံ နိုင်ငံတွေရဲ့ အရည်အသွေးကို ကျဆင်းစေပြီး ဒေသတွင်းလုံခြုံမှုကိုလည်း ထိပါးစေပါတယ်။ ဒါ့အပြင် ဒေသတွင်း နိုင်ငံများ ချိတ်ဆက်လုပ်ဆောင်မှုကို အင်အား လျော့နည်းစေပြီး ပဋိပက္ခများကို ပိုပြီးဖြစ်စေပါတယ်။

    ဒေသတွင်းနိုင်ငံအချင်းချင်း ပဋိပက္ခတွေ ပိုများပြားလာလေ နိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားလာမှာဖြစ်တယ်။ ဆီးရီးယားက အကြမ်းဖက်သမားများ ပြန်လည်ပေါ်ထွက်လာခြင်းကတော့ အာရှ-ပစိဖိတ်ဒေသအတွင်း ပဋိပက္ခများ နဲ့ သက်ဆိုင်မှု မရှိပါဘူး။

ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှုက မြန်မာနိုင်ငံအပေါ် များစွာ မူတည် နေပါတယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အကောင်းဆုံး ကာကွယ် ထားရန် လိုအပ်ပါတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ ရေပိုက်နက်လုံခြုံရေး အတွက် ရုရှားနိုင်ငံက အပြည့်အဝ ကူညီပေးရန် အသင့်ရှိပါတယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများလည်း ပြုလုပ်နိုင်ပြီး စစ်ဘက်ဆိုင်ရာနည်းပညာများကိုလည်း ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိပါတယ်။ ဒါ့အပြင် ခေတ်မှီလက်နက်များကိုလည်း ထောက်ပံ့ ကူညီပေးရန် အဆင်သင့်ရှိပါတယ်။

ယနေ့ခေတ် မြန်မာ့တပ်မတော်က ဒေသတွင်း အရေးတွေမှာ အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခေတ်မှီစစ်လက်နက် ပစ္စည်းများ တပ်ဆင်ထားဖို့ လိုအပ်ပြီး မြန်မာ့တပ်မတော်အတွက်လည်း အမှန်တကယ် အသုံးဝင်မှာ ဖြစ်ပါတယ်။ အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေခြင်းဟာ တိုင်းပြည်ကို လုံခြုံမှုအရှိဆုံး ပေးနိုင်တဲ့ သော့ချက်ဖြစ်တယ်။

၆။    နှစ်နိုင်ငံဆက်ဆံမှုများ တိုးတက်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ များစွာ လုပ်ဆောင်ခဲ့ပါတယ်။ Tank Biathlon၊ Army of culture၊ Airborne platoon၊ Sea cup၊ sniper frontier military medical realy စတဲ့ ပြိုင်ပွဲတွေမှာ မြန်မာ့တပ်မတော် ပါဝင်ဆင်နွှဲတာတွေကလဲ အထူးပင် ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုပဲဖြစ်ပါတယ်။

 ဒီနှစ်အတွက်ပြိုင်ပွဲကို ပြည်နယ် ၁၃ ခု မှာကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြိုင်ပွဲကျင်းပတဲ့ နေရာများကို ပိုချဲ့ထွင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ပြိုင်ပွဲမှာ ဘယ်နှစ်ခုလောက် ပါဝင်ဆင်နွှဲနိုင်မလဲဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်နေပါတယ်။ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာတယ် ဆိုတာကို Kavkaz 2020 မှာ မြန်မာ့တပ်မတော်မှ ပါဝင်ဆင်နွှဲခြင်းဟာ သက်သေပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ရုရှား-ဘီလာရုစ် ပူးတွဲစစ်ဆင်ရေး လေ့ကျင့်ခန်းတွေမှာလဲ ပါဝင်ဆင်နွှဲမှုကို စောင့်မျှော်နေပါတယ်။ အခုလိုမျိုး ပါဝင်ဆင်နွှဲခြင်းတွေက မြန်မာ့ တပ်မတော်နဲ့ ရုရှားလူမျိုးများအကြား ရင်းနှီးမှုကို ပိုမိုခိုင်မာစေပါတယ်။

၇။    ရုရှား-မြန်မာ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာဆက်နွယ်မှုကို ဖွံ့ဖြိုးတိုးတက်စေဖို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းက အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အခုက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ရုရှားနိုင်ငံသို့ ခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အများပြည်သူ သွားလာမှုအတွက် သယ်ယူပို့ဆောင် ရေးဌာနက တာဝန်ရှိသူတွေ၊ မြေအောက်မီးရထားဆိုင်ရာ နည်းပညာ နယ်ပယ်က တာဝန်ရှိသူတွေ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာရှင်တွေ၊ ဆေးပညာနယ်ပယ်က ခေတ်မှီနည်းပညာများ စတာတွေကို လေ့လာကြည့်ရှုခဲ့ပြီး ဖြစ်ပါတယ်။

စီးပွားရေးနယ်ပယ်မှာ ရေနံနဲ့ သဘာဝဓတ်ငွေ့ လုပ်ငန်းတွေ၊ သတ္တုတွင်းစီမံကိန်း တွေကို ပူးပေါင်းလုပ်ဆောင်ရန် မျှော်လင့်ပါတယ်။

ယဉ်ကျေးမှု နယ်ပယ်မှာဆိုရင် ရုရှား-မြန်မာချစ်ကြည်‌ရေးဉက္ကဌ ကိုယ်တိုင် ခရီးစဉ်မှာပါဝင်ပြီး ချစ်ကြည်ရေးဆိုင်ရာလုပ်ငန်းတွေကို ဆွေးနွေးတိုင်ပင်နေတယ်လို့လဲ သိရပါတယ်။ ဒါကြောင့် ရှေ့ဆက် ရုရှား-မြန်မာ ချစ်ကြည်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

၈။    ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ မြန်မာ့တပ်မတော်မှ အရာရှိများကို ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခဲ့တာ အခုဆို ကျောင်းသား ၇၀၀၀ ကျော်လောက်ကို မွေးထုတ် ပေးပြီးဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ မာစတာကျောင်းသား ၆၅၀၀ ကျော်၊ ပါရဂူကျောင်းသား ၆၇၉ ဦးကျော်နဲ့ Doctor Of Science ဘွဲ့ ၈ ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား နိုင်ငံကို ပညာတော်သင်စေလွှတ်ဖို့ အကောင်အထည်ဖော် စတင်ဖွဲ့စည်းကတည်းပင် ပါဝင်ခဲ့ ပါတယ်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်စဉ်ကာလအတွင်း ရုရှားနိုင်ငံကို ပညာတော် သင်စေလွတ်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဆက်လက် လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ လောက် မြန်မာနိုင်ငံအနေနဲ့ နည်းပညာကို ကျွမ်းကျင်တဲ့ မျိုးဆက်ကိုမွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။

ဥပမာအနေနဲ့ စိန့်ပီတာစဘတ် ရေကြောင်းနည်းပညာ တက္ကသိုလ်က သင်္ဘော တည်ဆောက်ရေး အင်ဂျင်နီယာဘွဲ့ရရှိသူတွေက မြန်မာ့တပ်မတော်(ရေ)အတွက် အဆင့်မြင့် ဖရီးဂိတ်တိုက်ခိုက်ရေး သင်္ဘောများကို တည်ဆောက်နိုင်ပြီဖြစ်ပါသည်။ အခုလို မျိုး ကျွမ်းကျင်သူတွေကို မြန်မာနိုင်ငံအတွက် မွေးထုတ်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံ အနေနဲ့လည်း ဂုဏ်ယူပါတယ်။ ဆက်လက်ပြီးတော့လဲ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးသွားမှာဖြစ်ပါတယ်။

၉။    ကျွန်တော်တို့အနေနှင့် မြန်မာကျောင်းသားများကို မတူညီတဲ့ ကျောင်းတွေနဲ့ မတူညီတဲ့ နည်းပညာတွေကို တတ်နိုင်သလောက် သင်ကြားပေးသွားမှာပါ။ တစ်ဉီးနဲ့ တစ်ဉီး အပြန်အလှန်ကူညီခြင်းဟာ အရေးကြီးဆုံးပါ။ ရုရှား-မြန်မာဆက်ဆံရေးမှာ ပညာရေးသည်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လေးတွေကိုလည်း ရုရှားမှာ ပညာလာသင်ပါ၊ ရုရှားမှာ ကောင်းမွန်တဲ့ ပညာရေး စနစ်နဲ့ ခေတ်မှီတဲ့ သိပ္ပံပညာရပ်များကို သင်ယူနိုင်ပါတယ်လို့လဲ ပြောပေးစေချင်ပါတယ်၊ ဖိတ်လည်းဖိတ်ခေါ်ပါတယ်။ရုရှားနိုင်ငံဟာ - မြန်မာနိုင်ငံအတွက် အမြဲတမ်း နွေးထွေးပြီး ယုံကြည်ရတဲ့ မိတ်ဆွေနိုင်ငံ အဖြစ် အမြဲရှိနေမှာပါ။

၁၀။    အခက်အခဲကတော့ကြုံတွေ့ရပါတယ်။ အဓိကတော့ အနောက်နိုင်ငံများအနေဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများကို တစ်ပြေးညီဆက်ဆံပြီး မိတ်ဖက်နိုင်ငံများအဖြစ် တန်းတူ ရည်တူ ကြိုးပမ်းလုပ်ဆောင်ဖို့ စိတ်မဝင်စားခြင်းကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ မျှတသော ဆက်ဆံရေးကို အဓိကအလေးထား ပါတယ်။ ပြသနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာရင်လည်း ချက်ခြင်းဖြေရှင်းနိုင်အောင် ကြိုးစားတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျွန်တော်တို့လက်ခံတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ယုံကြည်တယ်။ ဒါမှ စစ်မှန်သော ဒီမိုကရေစီ ကိုရရှိပြီးနောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အရှေ့တောင်အာရှမှာ အာရှကျားအဖြစ် ပြန်လည်ရပ်တည်လာမယ်လို့လဲ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်။

မြန်မာလူမျိုးများဟာ အလုပ်ကိုကြိုးစားလုပ်ကိုင်သော လူမျိုးဖြစ်ပါတယ်။ အားလုံးပဲ ငြိမ်းချမ်းပျော်ရွှင်ကြပါစေလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။