ရုရှား-အီရန် ပူးတွဲရေတပ်လေ့ကျင့်ခန်းကို အိန္ဒိယသမုဒ္ဒရာအတွင်းစတင်

တီဟီရန်၊ နိုင်ငံရေး

ရုရှား-အီရန် ပူးတွဲရေတပ်လေ့ကျင့်ခန်း ကို အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၌ ဖေဖော်ဝါရီ ၁၅ ရက်တွင်စတင် ကြောင်း တီဟီရန် မြို့ရှိ ရုရှားသံရုံးက Sputnik သတင်းဌာန သို့ပြောသည်။

ပင်လယ်ရေကြောင်းလုံခြုံရေးခါးပတ်ဟု အမည်ပေးထားသော ပူးတွဲစစ်ရေးလေ့ကျင့် ခန်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ပြု လုပ်မည်ဖြစ်ကြောင်း အီရန်တပ်မတော်က အစောပိုင်းတွင် ကြေညာထားသည်။

သို့သော် အဆိုပါပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းမှာ စတင်နေပြီဖြစ်ကြောင်း သံရုံးမှပြောရေးဆိုခွင့်ရှိသူ မက်ဆင်ဆူ  စလော့ကပြောသည်။

ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အိန္ဒိယသမုဒ္ဒရာမြောက် ပိုင်းလုံခြုံရေးကို တိုးမြှင့် ရန်နှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို  တိုးမြှင့်ရန်ဖြစ်သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား ပင်လယ်ရေကြောင်းရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ  ပူးပေါင်းဆောင်ရွက်မှု နှင့် ရေကြောင်းသွားလာရေးစိတ်ချရမှုတို့ကို တိုးမြှင့်ရန်လည်းဖြစ်ကြောင်း အီရန်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ် လီဗန်ဇာဂါယန်က Sputnik သတင်းဌာနသို့ ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောသည်။

ပထမအကြိမ် ပင်လယ်ရေကြောင်းလုံခြုံ ရေးခါးပတ်စစ်ရေးလေ့ကျင့်ခန်းကို ၂၀၁၉  ခုနှစ် ဒီဇင်ဘာလတွင်  ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုလေ့ကျင့်ခန်း၌ တရုတ်၊ ရုရှားနှင့် အီရန် တို့ပါဝင်ကြောင်း သိရသည်။

Ref: Sputnik