ရေဝေးသုသာန်၌ ရုပ်အလောင်းများ စနစ်တကျသင်္ဂြိုဟ်ပေးနေမှုများကိုကြည့်ရှု

ရေဝေးသုသာန်၌ ရုပ်အလောင်းများ စနစ်တကျသင်္ဂြိုဟ်ပေးနေမှုများကိုကြည့်ရှု

ရန်ကုန်  ဇူလိုင်  ၁၉

ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့ညနေ ၄ နာရီခွဲတွင်  မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုသာန်သို့သွားရောက်၍ ရုပ်အလောင်းများ သင်္ဂြိုဟ်ပေးနေမှုများ စနစ်တကျရှိစေရေး၊ ရောဂါကူးစက်ပြန့်ပွားမှု   မရှိစေရေး သွားရောက်ကြည့်ရှုသည်။

ထိုသို့သွားရောက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဌာနမှူး ဦးချိုထွန်းအောင်က နေအိမ်များတွင် သာမန်ရောဂါဖြင့်သေဆုံးပြီး   သင်္ဂြိုဟ်မှုပြုရန် ရောက်ရှိလာသည့် ရုပ်အလောင်းများ၊ ကိုဗစ် - ၁၉ ရောဂါဖြင့် သေဆုံးပြီး ရောက်ရှိလာသည့် ရုပ်အလောင်းများကို စည်ပင်သုသာန်ခုနစ်ခုတွင် သင်္ဂြိုဟ်ပေးလျက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့တွင် သင်္ဂြိုဟ်ပေးရသည့် ရုပ်အလောင်း ၁၅၃ ဦးသာရှိသော်လည်း ဇူလိုင်လ ၁၁ ရက်နေ့တွင် ရုပ်အလောင်း ၅၆၂  ဦးအထိ ရှိလာသည့်အတွက်   စီမံခန့်ခွဲမှုပုံစံပြောင်းလဲကာ ဝန်ထမ်းအင်အားတိုးပြီး အဆိုင်းသုံးဆိုင်းခွဲ၍ ၂၄ နာရီ သင်္ဂြိုဟ်ပေးလျက်ရှိသည့် အခြေ အနေများ၊ ဆောင်ရွက်လုပ်ကိုင်နေသော ဝန်ထမ်းများ၊ ရုပ်အလောင်းများလာရောက် ပို့ဆောင်သည့် ပြည်သူများ၊ ပရဟိတလူမှုရေးအဖွဲ့အစည်းများနှင့် အသုဘပို့ဆောင်သူပြည်သူများ ကူးစက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ထားမှု အခြေအနေများ၊ ဝန်ထမ်းများကူးစက်မှုမရှိစေရေး ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ  စနစ်တကျကာကွယ်ဆောင်ရွက်နေမှုများကြောင့် ယနေ့အထိ ဝန်ထမ်းတစ်ဦးတစ်ယောက်ဆီကိုမှ ကူးစက်ခံရမှုမရှိပါကြောင်းနှင့် ရုပ်အလောင်းများတစ်နေရာတည်းတွင် စုပြုံနေခြင်းမျိုးမရှိရအောင် ရေဝေး၊ ထိန်ပင်၊ ကျီစု၊ ကျူချောင်၊ ဒလ၊ ဆိပ်တို၊ ဆိပ်ကြီး စသည့်သုသာန်များတွင် နယ်မြေအလိုက် ပိုင်းခြားသင်္ဂြိုဟ်ပေးနေမှုများ၊ ယနေ့ညနေ ၄ နာရီအထိ စာရင်းအရ သုသာန်များတွင် ၁၂၃၄ ဦးလက်ခံ ခဲ့သော်လည်း ယခုအချိန်တွင် လက်ကျန် ၃၀၀ ဦးခန့်သာရှိတော့သဖြင့် ယခုညဆိုင်းတွင် ပြီးပြတ်အောင်ဆောင်ရွက်ပေးလိုက်လျှင်   လက်ကျန်မရှိနိုင်တော့ကြောင်း ရှင်းလင်းတင်ပြကြသည်။  

ထို့နောက်မြို့တော်ဝန် ဦးဗိုလ်ဌေးက ဝန်ထမ်းအင်အား ထပ်တိုးတာဝန်ချထားမှုအခြေအနေများ၊ ဝန်ထမ်းများကိုအင်အားပြည့်ရိက္ခာထောက်ပံ့မှုများနှင့် အလှူရှင်များက သုသာန်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာနှင့်   ချီးမြှင့်ငွေများ လာရောက်လှူဒါန်းမှု   အခြေအနေများကို ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြချက်များအပေါ် ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး သင်္ဂြိုဟ်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းတွင် မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဒုတိယလှိုင်းထက် လူသေဆုံးမှုများပြားလျက်ရှိပြီး သေဆုံသူအများစုသည်လည်း ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများဖြစ်ကြောင်း တွေ့ရပြီး ယခင်က   သင်္ဂြိုဟ်ရာတွင် အခက်အခဲ အနည်းငယ်ရှိသော်လည်း ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေဝေးသုသာန်ဝန်ထမ်းများ၏ နေ့မအား၊ ညမအား   ကြိုးစားဆောင်ရွက်နေမှုများကြောင့် ရုပ်အလောင်းများကိုစနစ်တကျဖြင့် နေ့ချင်းပြီး ကောင်းမွန်စွာသင်္ဂြိုဟ်ပေးလျက် ရှိကြောင်း သိရသည်။ ရုပ်အလောင်းများသင်္ဂြိုဟ်ပေးနေမှုများစနစ်တကျရှိစေရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို အခုလိုပဲကြားသိခဲ့ရပါသည်-

]]ကိုဗစ်-၁၉ ကာလမှာ သုသာန်ခုနစ်ခုမှာ လာရောက်သင်္ဂြိုဟ်တဲ့  ရိုးရိုးကွယ်လွန် သွားတဲ့ရုပ်အလောင်းတွေရှိပါတယ်။ ကိုဗစ်-၁၉ နဲ့ကွယ်လွန်သွားတဲ့ရုပ်အလောင်း တွေလည်းရှိပါတယ်။ သုသာန်ခုနစ်ခုမှာ အချိန်နှင့်တစ်ပြေးညီ မီးသင်္ဂြိုဟ်နိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်။ သုသာန် ခုနစ်ခုလုံးမှာ ဝန်ထမ်းတွေနဲ့ ၁၀၀ နဲ့ ၁၅၀ ကြားလောက်ကိုပဲ ပုံမှန်လုပ်လာခဲ့ပါတယ်။ အခု အလောင်း ၄၀၀ ကျော်လောက်ဖြစ် သွားတဲ့အချိန်မှာ   အင်အားထပ်တိုးပြီး  ဝန်ထမ်း ၁၇၅ ယောက်နဲ့လုပ်တယ်။  ၈ ရက်နေ့ထိကို နှစ်ဆိုင်းခွဲပြီးလုပ်တယ်။ ၈ ရက်နေ့နောက်ပိုင်းမှာ   သုံးဆိုင်းခွဲပြီးလုပ်တယ်။ 

ကွယ်လွန်သွားတဲ့ ရုပ်အလောင်းမှာတော့ နှစ်မျိုးရှိပါတယ်။ ရိုးရိုးရောဂါနဲ့ ကွယ်လွန်သွားတာရယ်၊ ကိုဗစ်-၁၉ နဲ့ ကွယ်လွန်သွားတာရယ်ဆိုပြီး Test Certificate  ပေါ်မှာရေးပါတယ်။ ဝန်ထမ်းတွေအကုန်လုံးကို ဌာနကထုတ်ပေးထားတဲ့  Face Shield၊Mask၊ Level 4၊ Level 2၊ PPE၊  လက်အိတ် စသဖြင့် စုံလင်စွာနဲ့ လာသမျှအလောင်းတွေ အကုန်လုံးကို မီးသင်္ဂြိုဟ်ပေးနေပါတယ်။ အရေအတွက်အနေနဲ့ကတော့ ကိုဗစ်-၁၉ နဲ့ ကွယ်လွန်သွားတာ ၁၆၉ လောင်းရှိပြီး ရိုးရိုးရောဂါနဲ့ကွယ်လွန်ပြီး မီးသင်္ဂြိုဟ်ပေးရတာတော့  ၈၀၀ ကျော်ရှိပါတယ်။ စုစုပေါင်း မနေ့ကတော့ ၁၂၃၄ လောင်း မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။ ဝန်ထမ်းတွေကတော့ PPE  တွေ၊  Mask တွေ၊ လက်အိတ်တွေ၊ လိုအပ်တဲ့ပစ္စည်းတွေ၊ နောက်တစ်ခါ နာရီဝက်တစ်ကြိမ်ဆေးဖျန်းပြီး ဆောင်ရွက်နေတဲ့အတွက်ကြောင့် ဝန်ထမ်း ၃၅၀ ကျော်မှာ ကိုဗစ်-၁၉ ကူးစက်ခြင်းမရှိသေးပါဘူး။ 

စနစ်တကျကိုင်တွယ်တယ်၊  စနစ်တကျ မီးသင်္ဂြိုဟ်ပေးတယ်၊ ဒါတွေကို နေ့စဉ်ပုံမှန်ဆောင်ရွက်ပေးနေပါတယ်  ဟု ဒေါက်တာ အောင်မြင့်မော် ( ဒုတိယဌာနမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊    ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ)က   ပြောသည်။ ကျွန်တော်တို့ဌာနက ရန်ကုန်မြို့တော်မှာ တာဝန်ယူဆောင်ရွက်ရတဲ့  အပိုင်း နှစ်ပိုင်းရှိပါတယ်။    တစ်ပိုင်းကတော့ ရန်ကုန်မြို့တော်မှာအခြေပြုနေတဲ့ စွန့်ပစ်တဲ့ အမှိုက်တွေကို သိမ်းဆည်းရတဲ့အပိုင်းနဲ့ နောက်တစ်ခုက  ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေထဲက ဆုံးပါးသွားတဲ့လူတွေကို သင်္ဂြိုဟ်ပေးရတဲ့  အပိုင်းဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်ရတဲ့ အခြေအနေမှာ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအောက်မှာ သချုႋင်း ခုနစ်ခုရှိပါတယ်။ အဓိက သချုႋင်းကတော့ ရေဝေးဖြစ်ပါတယ်။ ဒုတိယအကြီးဆုံး သချုႋင်းကတော့ ထိန်ပင်သချုႋင်းဖြစ်ပြီး လှိုင်သာယာမှာရှိပါတယ်။ ရေဝေးသချုႋင်းကတော့ မြောက်ဥက္ကလာပမြို့နယ်ထဲမှာရှိပါတယ်။ ကျူချောင်ကတော့ ရွှေပြည်သာမှာရှိပါတယ်။  

ရွှေပြည်သာမြို့နယ်ကသေဆုံးတဲ့ပြည်သူတွေကို သင်္ဂြိုဟ်ပေးနေတာဖြစ်ပါတယ်။ ကျီစုသုသာန်ကတော့ တောင်ဒဂုံမှာရှိပြီးတော့   မြောက်ဒဂုံ၊ သာကေတ၊ ဒေါပုံမြို့နယ်မှာ  သေဆုံးသွားတဲ့သူတွေကို  သင်္ဂြိုဟ်ပေးပါတယ်။ ဒလမြို့နယ်အတွင်းမှာ သချုႋင်းတစ်ခုရှိပြီး ဆိပ်ကြီးခနောင်တိုမှာလည်းတစ်ခုရှိပါတယ်။ ဆိပ်တိုမှာလည်းတစ်ခုရှိပါတယ်။ ဒါတွေက သက်ဆိုင်ရာမြို့နယ်တွေက သေဆုံးတဲ့သူတွေကို သင်္ဂြိုဟ်ပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ သချုႋင်းတွေမှာ  သေဆုံးတဲ့ဦးရေသည် ၁၀၀ ပတ်ဝန်းကျင်ရှိပါတယ်။ ၁၁၀၊ ၁၂၀ ပတ်ဝန်းကျင်ရှိပါတယ်။ဒါပုံမှန်ပါ။ နွေရာသီ မတ်၊ ဧပြီ၊ မေ လောက်မှာ အပူချိန်တွေ မြင့်တက်လာတဲ့အချိန်တွေမှာ အသက်ကြီတဲ့သူတွေ ဆုံးရှုံးရတာရှိပါတယ်။ အဲ့ဒီအချိန်မှာဆိုရင် ၁၃၀၊ ၁၄၀ အထိ တက်ပါတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးပြောရမယ် ဆိုရင်  ကိုဗစ် First wave၊ Second wave  တွင် ရန်ကုန်မြို့ထဲမှာ သေဆုံးတဲ့ ဦးရေက အမြင့်ဆုံးဖြစ်ခဲ့တာသည်  ၁၄၀ လောက်ထိ ဖြစ်ပါတယ်။ ကိုဗစ် Third wave  မှာ ပုံမှန်ကနေပြီး ဇူလိုင်လ ၁ ရက်နေ့ မှစပြီး ၁၄၀ လောက်စပြီးပြန်ဖြစ်လာတယ်။ တောက်လျှောက်တက်လာတယ်။ ၁၀ ရက်ပတ်ဝန်းကျင်လောက်မှာ ၃၀၀ ကျော် ၄၀၀ လောက် တက်လာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ သင်္ချိုင်းတွေမှာ အကုန်လုံးလုပ်နိုင်သည့်အင်အားသည် တစ်နေ့ကို လူ ၁၀၀ လောက်ကိုပဲ စီမံခန့်ခွဲနိုင်တဲ့အခြေအနေလောက်ပဲရှိတယ်။   ရုတ်တရက်မြင့်တက်လာတဲ့အချိန်မှာ  စီမံခန့်ခွဲရာမှာ အခက်အခဲတွေရှိပါတယ်။ ရေဝေးသချုႋင်းမှာ ဆိုရင် တော်တော်လေးကိုများလာပါတယ်။ များလာတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရကိုတင်ပြပြီး  ကျန်တဲ့ မြို့နယ်တို့မှာ ပြင်ဆင်ပြီးတော့ ကျီစုတို့၊ကျူချောင်တို့ကို ဖြန့်ခွဲပြီးတော့ပေးခဲ့ပါတယ်။ ပေးခဲ့တဲ့အတွက် ဒီအလောင်းတွေ ပြုံပြီး ကျလာတဲ့အခက်အခဲတွေ ကျွန်တော်တို့ ပြေလည်သွားခဲ့ပါတယ်။ ၁၈ ရက်နေ့မှာ အိမ်တွေကနေ တိုက်ရိုက်သင်္ဂြိုဟ်တဲ့ဟာတွေက ၁၀၆၅ ဦးထိရှိလာပြီးတော့ ကိုဗစ်နဲ့ သင်္ဂြိုဟ်ပေးခဲ့တာဟာ ၁၆၉ ဦးရှိခဲ့ပါတယ်။ ကိုဗစ်နဲ့ဆိုတာ  နေ့စဉ်ကြေညာနေတဲ့ စာရင်းမဟုတ်ပါဘူး။ ကိုဗစ်နဲ့ ကျွန်တော်တို့ သချုႋင်းတွေမှာသင်္ဂြိုဟ်ပေးခဲ့တဲ့စာရင်းဖြစ်ပါတယ်။ စုစုပေါင်း ၁၈ ရက်နေ့မှာ ၁၂၃၄ ဦးထိ သေဆုံးမှုရှိခဲ့ပါတယ်။ သေဆုံးတဲ့ အလောင်းတွေကို စည်ပင်သာယာသချုႋင်း ခုနစ်ခုမှာ နိုင်နင်းအောင် နေ့ရော၊ ညရော အဆိုင်းသုံးဆိုင်းခွဲပြီးဆောင်ရွက်နေပါတယ်။ 

လက်ရှိမှာ သချုႋင်း ခုနစ်ခုတွင် လက်ကျန်အလောင်း ၃၅၀ လောက်ကျန်ပါသေးတယ်။  မနက်ဖြန်လောက်ဆိုရင် သင်္ချိုင်းတွေမှာ လက်ကျန်မရှိဘဲ    အကုန်လုံးသင်္ဂြိုဟ်ဆောင်ရွက်နိုင်မယ့်အခြေအနေဖြစ်ပါတယ်။ တိုင်းဒေသကြီးက ကိုဗစ်ကာလ သေဆုံးမှု မြင့်တက်လာတဲ့အတွက်ကြောင့် ရေဝေးနဲ့ ထိန်ပင်မှာ ငါးပေါက်တွဲဖိုနှစ်ဖိုကို ထိန်ပင်မှာ ညွှန်ကြားတဲ့အတွက်ကြောင့် ကျွန်တော်တို့ဌာနမှ တာဝန်ယူဆောင်ရွက်နေပါတယ်။   အရင်က အဆိုင်းတစ်ဆိုင်းတည်းဆောင်ရွက်သော်လည်း လက်ရှိမှာ အင်အားတွေဖြည့်ပြီး အဆိုင်းသုံးဆိုင်းနဲ့ ဆောင်ရွက်နေပြီး Facebook မှာ ဖြစ်နေတဲ့ ပြဿနာမျိုး မရှိပါဘူးဆိုတာ  မျက်မြင်ပဲဖြစ်ပါတယ်။ ဒီမှာလုပ်နေတဲ့သူတွေက အန္တရာယ်ကြီးတဲ့ အခြေအနေမှာ လုပ်ဆောင်နေရတာဖြစ်ပါတယ်။ သူတို့တွေ ကာကွယ်ရေးအတွက် PPE ဝတ်စုံတွေ၊Face Shield၊ Mask၊လက်အိတ်တွေကို ကျွန်တော်တို့ အလုံ အလောက် ထုတ်ပေးထားတာရှိပါတယ်။ အင်အားဖြည့်ကျွေးမွေးမှုအနေဖြင့် နေ့စဉ်မနက်၊ နေ့လယ်၊ ညနေ ကျွေးမွေးလျက်ရှိပါတယ်။   စီဗစ်တို့၊ ဗီတာမင်ဒီတို့ကို နေ့စဉ်တိုက်ကျွေးလျက်ရှိပါတယ်။

ဒီလိုလုပ်နေတဲ့သူတွေကို     ပြည်သူတွေက လာရောက်လှူဒါန်းတာတွေရှိပါတယ်ဟုဦးချိုထွန်းအောင် ( ဌာနမှူး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်    သန့်ရှင်းရေးဌာန၊ ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ)က ပြောသည်။