ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးရေးအစီအစဉ်ကို လက်တွေ့ဖော်ဆောင်လာ သည့် တရုတ်နှင့်အိန္ဒိယ

 

ကမ္ဘာ့နိုင်ငံအများအပြားတွင် COVID-19 ရောဂါပိုးကူးစက်မှုဆက်လက်ဖြစ်ပွားနေစဉ် အာရှအင်အားကြီး နိုင်ငံများဖြစ်သည့်တရုတ်နှင့်အိန္ဒိယတို့သည် ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေး၏ တစ်စိတ်တစ်ဒေသဖြစ် သည့် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်နေပြီဖြစ်သည်။

ပြည်သူများအားကာကွယ်ဆေးထိုးပေး ခြင်း၏အဓိကရည်မှန်းချက်မှာ နိုင်ငံအတွင်းဖြစ်ပွားနေသည့်   ရောဂါပိုးကူးစက်မှုကိုထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးဆက်လက်ကူးစက်မှုမဖြစ်ပွားစေရန်တားဆီးရေး ဖြစ်သည်ကိုတွေ့ရသည်။

ယခုအခါ  ရောဂါပိုးကူးစက်မှုသည် ယခင်ကရောဂါပိုးကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ခဲ့သည့် အာရှနိုင်ငံများတွင်သာမက စီးပွားရေးအင်အားတောင့်တင်းသည့် အမေရိကန်ပြည်ထောင်စုအပါအဝင် ဥရောပနိုင်ငံအများအပြားတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် လူဦးရေထူထပ်သောနိုင်ငံများ လည်းဖြစ်၊ ရောဂါပိုးကူးစက်မှုပြန်လည်မြင့်တက်လာ သည့်နိုင်ငံများလည်းဖြစ်သည့်တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် နိုင်ငံအတွင်းရှိ ပြည်သူအမြောက်အမြား အား ကာကွယ်ဆေးထိုးပေးသည့်အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ

တရုတ်နိုင်ငံသည် COVID-19 ရောဂါပိုးကူးစက်မှုစတင်ဖြစ်ပွားရာနိုင်ငံဖြစ်သည်။ ယင်းနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများသို့ ကူးစက်သွားခဲ့သော်လည်း နောက်ပိုင်းတွင်အစိုးရ၏ ထိရောက်သောဆောင်ရွက်ချက် များကြောင့် ရောဂါပိုးကူးစက်မှုကိုထိန်းချုပ်ထားနိုင်ခဲ့သည်။ သို့ရာတွင် နိုင်ငံမြောက်ပိုင်းဒေသရှိ  ပြည်နယ်များတွင် ရောဂါပိုးကူးစက်မှုများပြန်လည်ဖြစ်ပွား လာပြီးနောက်ပိုင်းတွင် အစိုးရကရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြန်လည်လုပ်ဆောင် လာခဲ့ရသည်။ 

အထူးသဖြင့်  ဟေပေးပြည်နယ်တွင် ရောဂါပိုးပြန်လည်ကူးစက်ခံရသူအရေအတွက်မှာ ၅၆၆ ဦး အထိမြင့်တက်လာပြီးနောက်ပိုင်းတွင် ပြည်နယ်အာဏာပိုင်များက  ပြည်နယ်အတွင်းရှိ   မြို့ကြီးသုံးမြို့ ကို   အဝင်အထွက်ပိတ်ဆို့ပစ်ခဲ့ရသည်။ ထို့ကြောင့်  သက်ဆိုင်ရာအစိုးရအဖွဲ့များသည်   ပြည်သူများတွင်   ရောဂါပိုးကူးစက်ခံထားရခြင်းရှိ၊ မရှိစမ်းသပ်စစ်ဆေး မှုများကို  တိုးမြှင့်လုပ်ဆောင်လာသည့်အပြင် လူအမြောက်အမြားအား တစ်ပြိုင်တည်းကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကိုပါလုပ်ဆောင်လာသည်။

တရုတ်နိုင်ငံသည်ယခုလက်ရှိအချိန်အထိ ပြည်သူ ၁၀ သန်းကျော်ကို    ကာကွယ်ဆေးထိုးပေးပြီး ဖြစ်သည်။ ၎င်းတို့အနက်တစ်သန်းကျော်မှာ ဟေပေးပြည်နယ်နှင့်  နယ်စပ်ချင်းထိစပ်နေသည့်ပေကျင်း မြို့မှဖြစ်သည်။ ထို့ပြင် ဟေးလုံကျန်းပြည်နယ်တွင်လည်း   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမှာပင် လူ ၁၀၃ ဦး ရောဂါပိုးကူးစက်ခံခဲ့ရသည်။ ထို့ကြောင့် အစိုးရသည်နိုင်ငံအတွင်း၌ ရောဂါပိုးကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာပြီးနောက် ပြည်သူအများအပြားကို တစ်ပြိုင်နက်တည်းမှာပင် ကာကွယ်ဆေး ထိုးပေးရန် ဆုံးဖြတ်ခဲ့ဖွယ်ရှိသည်။ အဓိကရည်ရွယ်ချက်မှာ ရောဂါပိုးထပ်မံကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ဖြစ်သည်။

ရောဂါပိုးပြန်လည်ကူးစက်ခံထားရသူများသည်များသောအားဖြင့် အခြားပြည်ပနိုင်ငံများမှပြန်လည် ဝင်ရောက်လာသူများဖြစ်သည်။ ထို့ကြောင့် အာဏာပိုင်များကပြည်သူ များအား ကာကွယ်ဆေးထိုးခြင်း ကိုခံယူကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည့်အပြင် နိုင်ငံတစ်ဝန်းလုံးတွင်လည်း အခမဲ့ကာကွယ်ဆေး ထိုးပေးသည့်စင်တာအမြောက်အမြားကိုဖွင့်လှစ်ပေးထားသည်။ တရုတ်အစိုးရသည် ကာကွယ်ဆေးထိုး ရေးအစီအစဉ်ကို  လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် အဓိကဦးစားပေးအုပ်စုများအဖြစ် သတ်မှတ်ထားသည့် အုပ်စုကိုးခုအနက် အသက် ၁၈  နှစ်မှ  ၅၉  နှစ်ရှိ  ပြည်သူများကို ဦးစားပေး ထိုးပေးခြင်းဖြစ်သည်။  အဆိုပါသတ်မှတ်အုပ်စုတွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၊    အစိုးရ ဝန်ထမ်းများ၊    အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍများတွင်   တာဝန်ထမ်းဆောင်နေသည့် လုပ်သားများပါဝင်သည်။

ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကိုထိရောက်စွာဖော်ဆောင်နိုင်ရေးအတွက်အစိုးရကပေကျင်းမြို့တစ်မြို့တည်းမှာပင်ကာကွယ်ဆေးထိုးပေးသည့်စင်တာပေါင်း၂၄၀ ကျော်ဖွင့်လှစ်ပေးထားပြီး တစ်နေ့လျှင်လူ တစ်သိန်းမှ တစ်သိန်းခွဲအထိ ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။  အလားတူကျေးလက်ဒေသများတွင် လည်း အစိုးရက ကာကွယ်ဆေးထိုးရေးအစီအစဉ်ကို ထိရောက်စွာဖော်ဆောင်နေသည်။ ပြည်သူများ အားကာကွယ်ဆေးထိုးပေးပြီးနောက် တာဝန်ရှိသူများက မိနစ် ၃၀ ကြာစောင့်ကြည့်ပြီး အခြေအနေ ကောင်းမွန်မှသာ နေအိမ်များသို့ပြန်ခွင့်ပြုသည်။ အစိုးရသည်ဆီနိုဖမ်းနှင့် ဆီနိုဗက်ကုမ္ပဏီများမှ ထုတ်လုပ်ထားသည့်ကာကွယ်ဆေးများကို  အရေးပေါ်အသုံးပြုခွင့်ပေး ထားသော်လည်း နိုင်ငံပိုင်ဆီနို ဖမ်းကုမ္ပဏီမှ  ထုတ်လုပ်ထားသည့် ကာကွယ်ဆေးနှစ်မျိုးအနက်တစ်မျိုးကိုသာ ပြည်သူများအား    ထိုးပေးလျက်ရှိသည်။  အစိုးရသည်မကြာမီကျရောက်တော့မည့် တရုတ်နှစ်သစ်ကူးပွဲမတိုင်မီ ပြည်သူ သန်း ၅၀ ကို ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက်  စီစဉ်ထားသည်။

အိန္ဒိယ

ရောဂါပိုးကူးစက်မှုအများဆုံးဖြစ်ပွားရာ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေခဲ့သည့် အိန္ဒိယနိုင်ငံသည် ရောဂါပိုးကူးစက်မှုကိုထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထိုးရေးအစီအစဉ်ကို ဇန်နဝါရီ  ၁၆  ရက်တွင် စတင်ဖော်ဆောင်ခဲ့သည်။  အိန္ဒိယသည်  ရောဂါပိုးကူးစက်ပျံ့နှံ့မှုနှင့် ကြုံတွေ့ရစဉ် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အဦချည့်နဲ့မှု၊ လူနေထူ ထပ်မှုတို့ကြောင့် ရောဂါပိုးကူးစက်မှုဒဏ်ကိုအကြီးအကျယ်ရင်ဆိုင်ခဲ့ရသည့်နိုင်ငံလည်းဖြစ်သည်။

ထို့ကြောင့်    ရောဂါပိုးကူးစက်မှုကိုထိန်းချုပ်ရေးနှင့်  ရောဂါပိုးကူးစက်မှုကိုတားဆီးနိုင်ရေးအတွက် ကာကွယ်ဆေးထိုး ရေးအစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်အရ ရောဂါပိုးကူး စက်ခံရမည့်  အလားအလာအများဆုံးရှိသည့်အသက်   ၅၀  ကျော်ရှိ  ကျန်းမာရေး ဝန်ထမ်းများကို အဓိကဦးစားပေးထိုးပေးခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့်  အစိုးရကအသုံးပြုရန်အတည်ပြုထားသည့်ကာကွယ်ဆေးနှစ်မျိုးအနက်မှ   တစ်မျိုးကို ထိုးပေးခြင်းခံယူရမည်ဖြစ်သည်။ စိုးရကဖော်ဆောင်နေသည့်ကာကွယ်ဆေးထိုးရေးအစီ အစဉ်ကြောင့် ယခုနှစ်ဇူလိုင်လခန့်တွင်လူပေါင်း၁ ဒသမ ၃ ဘီလီယံအနက်မှ သန်း ၃၀၀ ခန့်ကိုကာကွယ်ဆေး အပြီးသတ်ထိုးပေးနိုင်မည်ဟုမျှော်လင့်ထားသည်။

ယခုဖော်ဆောင်နေသည့် ကာကွယ်ဆေးထိုးရေးအစီအစဉ်ကို ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ချမှတ်ခဲ့ခြင်း ဖြစ်ပြီး  အဆိုပါအစီအစဉ်အရ တစ်နေ့လျှင် လူ ၃၀၀၀၀၀ ခန့်ကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်  ကာကွယ်ဆေး နှစ်ကြိမ်    ထိုးနှံခြင်းခံယူရမည်ဖြစ်ပြီး လောလောဆယ်တွင် ပထမအကြိမ်အဖြစ် တစ်ကြိမ်သာ   ထိုးနှံခြင်းခံယူရမည်ဖြစ်သည်။ မိုဒီ၏အဆိုပါအစီအစဉ်ကို ကောင်းစွာအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အစိုးရက  ခရိုင်ပေါင်း   ၇၀၀   အတွင်း ကျန်းမာရေးဝန်ထမ်း   တစ်သိန်းခွဲခန့်ကို လေ့ကျင့်သင်ကြားထားပြီးဖြစ်သည်။

အိန္ဒိယတွင် COVID-19 ရောဂါပိုး ကူးစက်ခံရမှုကြောင့် လူ တစ်သိန်းခွဲကျော် သေဆုံးခဲ့ရသည့်အပြင် နိုင်ငံ၏စီးပွားရေးကိုပါများစွာထိခိုက်စေခဲ့သည်။ ယင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါပိုးကူးစက်မှုကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရသည့်နိုင်ငံဖြစ်ပြီး သန်းပေါင်းများစွာသောပြည်သူများမှာ ၎င်းတို့၏ အသက် မွေးဝမ်းကျောင်းမှုအခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရသည်။

ထို့ပြင် ရောဂါပိုးကူးစက်မှုနှုန်းမှာလည်းပြီးခဲ့သည့်     ရက်သတ္တပတ်များအတွင်း ကျဆင်းလာခြင်းမရှိ သောကြောင့် အစိုးရကအကောင်အထည်ဖော်ဆောင် နေသည့်ကာကွယ်ဆေးထိုးရေး အစီအစဉ်သည် ရောဂါပိုးကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်မည်ဟု မျှော်လင့်ရပေသည်။