ရွှေပေါက်ကံမြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ လူသတ်မှု၊ အဆောက်အဦအား မီးရှို့ဖျက်ဆီးမှုနှင့် ပစ္စည်းခိုးယူမှုတို့ကို ကျူးလွန်ခဲ့သူ များအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော်၊ ဇွန် - ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်ခွဲ၊ အောင် ရွှေစင်လမ်း၊ အမှတ်(၆၄၁)နေအိမ်ရှိ ဦးစိန်မိုး မိသားစုအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးဟုဆိုကာ မတ် ၁၅ ရက်နေ့တွင် ဝေယံဝင်းမြင့်(ခ)ဝေယံ(ဘ)ဦးဝင်းမြင့် အပါအဝင်(၁၄)ဦး တို့သည် နေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ ဦးစိန်မိုး၊ အောင်မိုးဟိန်း နှင့် ထင်ခန့်မိုးဟိန်းတို့အား ဓားများဖြင့် ဝိုင်းဝန်ထိုးသတ်ကာ လူသတ်မှုကျူးလွန် ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)/၃၄ နှင့် ရာဇသတ်ကြီးပုဒ်မ-၄၃၆ တို့အရ ၎င်းတို့အား ဇွန် ၂၁ ရက်တွင် “ သေဒဏ်” အမိန့်ကိုလည်းကောင်း၊ အထက်ပါဖြစ်စဉ်တွင် သေဆုံးသူများ၏ ရုပ်အလောင်းများအား ငမိုးရိမ်ချောင်း အတွင်းသို့ ပစ်ချဖျောက်ဖျက်ရန်စေရန် အားပေးကူညီခဲ့သည့် စန်းဦး(ခ)ကုလားကြီး (ဘ)ဦးကံမြင့် အား စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၂၀၁/၁၀၉ အရ ၎င်းအား ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်” အမိန့်ကို လည်းကောင်း အသီးသီးချမှတ်လိုက်သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ဝတုတ်၊ သီဟ(ခ)သီဟထွန်း၊ ရှိုင်းမင်းဝေ၊ အာကာ(ခ)ပွားသီး(ခ)ဇင်မင်းဝေ၊ တင်မောင်ကြည်၊ ကိုဖြိုး(ခ) အောင်သူရဖြိုး၊ သားငယ်၊ ဝေယံနှင့် ကျော်စိုးဝင်း(ခ)အငယ်ကောင် တို့သည် ထွက်ပြေးလွတ်မြောက် နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊ ဝေပုလ္လ(၇)လမ်းနေ ကိုကိုဇော်(ခ)ဟာလန် ၏ မိသားစုအား မေ ၁၄ ရက် တွင် ရှိန်းပိုင်ဦး(ဘ)ဦးအောင်မျိုးဦး အပါအဝင် (၅)တို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးဟုဆိုကာ ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစဉ်တွင် အသက်အန္တရာယ်ထိခိုက်စေသည့်အထိ လက်လုပ်မိုင်းများဖြင့် ရန်ပြုတိုက်ခိုက်ခြင်းတို့အား ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၁၂၄-ဂ အရ ၎င်းတို့အား ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ဇော်မြင့် သည် ထွက်ပြေးလွတ် မြောက် နေသဖြင့် ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ အောင်သက်ပိုင်(ဘ)ဦးမြင့်စိုး သည် ဧပြီ ၃၀ ရက်မှ မေ ၅ ရက်ထိ ကာလအတွင်းခန့်တွင် တာမွေမြို့နယ်နေထိုင်သူ ငြိမ်းချမ်းနှင့် အဆက်အသွယ်ရယူကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် သင်တန်းသား(၅၀)ဦးခန့်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လုပ်ငန်း အဖွဲ့ကို အနိုင်ထက်ဖြစ်စေ၊ သောင်းကျန်းသောနည်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန် (သို့မဟုတ်)ဖျက်ဆီးရန်အတွက် စစ်သင်တန်းအား တက်ရောက်သင်ကြားခဲ့ကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ- ၁၂၄-ခ(က) အရ ၎င်းအား ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်” အမိန့်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်နေ နေမျိုး(ခ)ချာလီ(ဘ)ဦးကြည် သည် မေ ၃ ရက်မှ မေ ၁၇ ရက်ထိ ကာလအတွင်းခန့်တွင် ငြိမ်းချမ်း၊ သန်းနိုင် တို့မှတစ်ဆင့် နိုင်ငံတော်၏ လုပ်ငန်းစဉ်ကို အနိုင်ထက် ဖြိုဖျက်ရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံမှ လက်နက်များ သယ်ယူရန်အကြိမ်ကြိမ် ဆက်သွယ်ခဲ့မှုတို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၁၂၄-ခ(ဃ) အရ ၎င်းအား ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်” အမိန့်ကိုလည်းကောင်း အသီးသီးချမှတ်လိုက် ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်ကျောင်းရှိ ပြတင်းပေါက်မှန်တံခါးများ၊ မျက်နှ ကျက်များကို မတ် ၂၈ ရက် ည ၆ နာရီခန့်တွင် အောင်မျိုးသူ(ခ)ဝတုတ်(ဘ) ဦးဌေးလွင် အပါအဝင် (၁၀)ဦးတို့သည် သံတုတ်၊ ဓား၊ လေးခွ၊ ဂျင်ကလိများဖြင့် ဝိုင်းဝန်းရိုက်ခွဲ ဖျက်ဆီးခဲ့သည့်အပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) ပညာရေးမှူးရုံးမှ ထုတ်ပေးထားသော Samsung Tablet အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း (၁)လုံး အား ခိုးယူခဲ့သည့်အတွက် ၎င်းတို့သည် ပြည်သူပိုင်ပစ္စည်းကို အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့မှုနှင့် ပြည်သူပိုင်ပစ္စည်းကို ခိုးယူခဲ့မှုတို့အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၆(၁)နှင့် ရာဇသတ်ကြီးပုဒ်မ-၃၈၀ တို့အရ ၎င်းတို့အား ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်” အမိန့်ကို ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် သန်းစိုး၊ တင်မိုး၊ မမြင့်၊ ဆံရှည်၊ ကရင်(ခ)ထွန်းထွန်းနိုင်(ခ)ထွန်းဇော်ဝင်းနှင့် မြတ်ကျော်သူ တို့သည် ထွက်ပြေးလွတ် မြောက်နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။