ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြားလမ်းနှင့် ပုလဲလမ်းဆုံအနီးရှိ Landson Myanmar ပိုးထည် အထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြားလမ်းနှင့် ပုလဲလမ်းဆုံအနီးရှိ Landson Myanmar ပိုးထည် အထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၊ မတ် - ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြားလမ်းနှင့် ပုလဲလမ်းဆုံအနီးရှိ တရုတ်နိုင်ငံသား မစ္စတာ စန်းဟောင်စံပိုင်ဆိုင်သည့် Landson Myanmar ပိုးထည် အထည်ချုပ်စက်ရုံဝန်းအတွင်းရှိ ပစ္စည်းသိုလှောင်ရုံ၌ ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် စက်ရုံ၌ တပ်ဆင်ထားသော Absorb Fan Motor အပူချိန်လွန်ကဲပြီး အနီးရှိ စက္ကူဂျပ်ဖာပုံးအား အပူကူးရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ် ၅ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၊ပစ္စည်းသိုလှောင်ရုံအတွင်းရှိ စက္ကူဂျပ်ဖာများသာ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် တာဝန်ရှိသူ များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။