ရွှေဘိုမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်ဖွဲ့ က အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သား ပြည်သူ ၈ ဦးအား လက်ပြန်ကြိုးတုပ်၍ တုတ်၊ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်

ရွှေဘိုမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်ဖွဲ့ က အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သား ပြည်သူ ၈ ဦးအား လက်ပြန်ကြိုးတုပ်၍ တုတ်၊ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့်တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြမ်းဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ အကြမ်းဖက်မှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ ၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ် ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာ၌ PDF အမည်ခံအကြမ်းဖက်များ၏ ကျေးရွာ အတွင်းဝင်ရောက်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာနေ အရပ်သား ပြည်သူအများအပြား သေဆုံးခဲ့ ကြောင်းသတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ကအခင်းဖြစ်ရပ်သို့ သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာတွင် ရွှေဘိုမြို့နယ်၊ ကျားကျေးရွာနေ ဦးမြင့် (၆၇)နှစ် (ဘ) ဦးဟိန်းပါ ကျေးရွာသား ၈ ဦးတို့သည် ၎င်းတို့၏နေအိမ်များ၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက် အဖွဲ့အင်အား ၃၀ ဦးခန့်သည် မျက်နှာဖုံးများတပ်ဆင်ကာ သေနတ်၊ တုတ်၊ဓားများ ကိုင်ဆောင် ရောက်ရှိလာပြီး ကျေးရွာအား ပိတ်ဆို့၍ ဦးမြင့်ပါ ၈ ဦးတို့ကို လပ်ပြန်ကြိုးတုပ်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ကျေးရွာအရှေ့ဘက်ရှိ တဲစုအနီးတွင် “သူလျို၊ ဒလန်၊ သတင်းပေး” များဟု စွပ်စွဲကာ တုတ်၊ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်၊ ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။
ထိုကဲ့သို့ အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာသတ်ဖြတ်ခဲ့မှုကြောင့် ရွှေဘိုမြို့ နယ်၊ ကျားကျေးရွာနေသူများဖြစ်သည့် ဦးမြင့် (၆၇)နှစ် (ဘ) ဦးဟိန်း၊ မောင်အောင်ခိုင် (၂၇)နှစ် (ဘ) ဦးမြင့်၊ မောင်ကျော်ထက်အောင်(၁၆)နှစ် (ဘ)ဦးမြင့်၊ မောင်အောင်မျိုးနိုင် (၂၇)နှစ် (ဘ)ဦးလှရှိန်၊ မောင်ဇင်မင်းထက် (၁၇)နှစ် (ဘ)ဦးသန်းဇော်၊ မောင်မျိုးမြင့်(၂၀)နှစ် (ဘ)ဦးနိုင်ဝင်း၊ မောင်ဇော်ထက်အောင်(၁၉)နှစ် (ဘ)ဦးတင်သိန်းနှင့် မောင်ပြည့်ဖြိုးသူ (၁၇)နှစ် (ဘ)ဦးမြတ်မင်း တို့ ၈ ဦးတို့၏ ခန္ဓာကိုယ်အနှံ့အပြားတွင် ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
အထက်ပါဖြစ်စဉ်တွင် ရပ်ရွာအတွင်းအေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများ အား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။