ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့၌ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့သည့်အဆောက်အဦများ အား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့၌ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုများကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်များတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ သည်။

အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များ၌ နယ်မြေခံတပ်မတော် သားများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အဆောက်အဦများ ပြန်လည်ပြုပြင်ခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦ ၁ လုံး၊ ဌာနဆိုင်ရာအဆောက်အဦ ၄၀ လုံး၊ နေအိမ် ၁၆ လုံး၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦ ၁ လုံးနှင့် နေအိမ် ၂၃ လုံးတို့ကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့သည်။

ထို့ပြင် အဆိုပါမြို့နယ်များအတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် ဘီလပ်မြေ ၂၆၀၀ အိတ်၊ သွပ် ၁၂၂၀ ချပ်နှင့် အုတ် ၆၆၀၀ လုံးတို့ကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ဒေသခံပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။