ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းကပ်လှူပူဇော်ပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းကပ်လှူပူဇော်ပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းကပ်လှူပူဇော်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ပြုလုပ်ရာ နိုင်ငံတော် သံဃာ့ဝန်ဆောင်၊ လားရှိုးမြို့ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉတ္တမ အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇမ္ဗူအေးအေတီ တပ်ဦး ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များကို နာယူကြပြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ ဆွမ်း ဆန်တော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇမ္ဗူအေးအေတီ တပ်ဦးကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဉတ္တမ ထံမှ အနုမောဒနာ တရားများ နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြ ကြောင်း သတင်းရရှိသည်။