ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဟောင်း ဦးစိုးညွှန့်လွင်အား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဟောင်း ဦးစိုးညွှန့်လွင်အား ဖမ်းဆီးရမိ

နေပြည်တော် ၊ မတ် - ၆
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ဧရာဝတီလမ်း၊ အိမ်အမှတ်၊(၃^၁၄)နေ ယခင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီးဟောင်း ဦးစိုးညွှန့်လွင် (ဘ)ဦးမောင်ဆန်း အသက် (၅၀)နှစ်ကို တောင်ကြီးမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းက နိုင်ငံတော်အစိုးရနှင့် ငြိမ်ဝမ်ပိပြားရေး ထိခိုက်စေသော ပြစ်မှုကို ကျူးလွန်ခဲ့သဖြင့် ဥပဒေအရ အရေးယူပေးပါရန် တောင်ကြီး မြို့နယ်၊ တရားရုံးသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ပြီး တောင်ကြီး မြို့နယ် တရားရုံးမှ အမှုကြီးအမှတ်၊ (၁၄၉/၂၀၂၁)၊ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅ (ခ)ဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိစဉ် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တရာ လမ်းနှင့် ပြည်သာယာလမ်းထောင့်အနီးရှိ ဦးအောင်ဇော်သန့်၏ နေအိမ်တွင် ပုန်းအောင်း ခိုလှုံလျက်ရှိကြောင်း သတင်းရရှိသဖြင့် ယနေ့နံနက် ၁ နာရီဝန်းကျင်ခန့်ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အမှုဖြင့် တိမ်းရှောင်နေသော ဦးစိုးညွှန့်လွင်အား ဖမ်းဆီးရမိခဲ့သည်။ ဦးစိုးညွှန့်လွင် အား လက်ခံထားရှိသည့် ဦးအောင်ဇော်သန့်(ဘ) ဦးတင်အောင်၊ ဦးမင်းမင်း(ဘ)ဦးလှတင်နှင့် ဦးရဲလှိုင်(ဘ)ဦးလှထွန်း တို့ကိုလည်း အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေမှန်းသိလျက် လက်ခံထားရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။