လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ (၁၄၀)

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ (၁၄၀)

မေး။ ။ ဆရာ  ကျွန်တော်အိပ်ရင်  ကျယ်လောင်စွာဟောက်တယ်။      ဆရာအဲ့ဒါမဟောက်အောင် နည်းလမ်းလေးရှိရင်ပြောပေးပါ။  ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဖြေ။ ။ ဟောက်လျှင် လည်ပင်းတွင်အဝတ်၊ မာဖလာပတ်အိပ်ပါ။ ဘယ်ဘက်ဘေးသို့ စောင်းအိပ်တာကို အကျင့်လုပ်ယူပါ။ ညအိပ်ရာဝင်ခြေဖဝါးဆားပွတ်။ ဒူးအထက်မှအောက် ရေလောင်းခြေဆေးပေးရင် အပူ များအောက်သက်ပြီး အဟောက်သက်သာပါတယ်။ ကြောင်လျှာသီးဟင်းချက်စားပါ။  လေပူကျဆေး သောက်ပါ။ လေမျိုးရှစ်ဆယ်ဆေးပရဆေးဆိုင်မှာဖော်ခိုင်းပါ။ ညအိပ်ရာဝင် ရှောက်ရည်နဲ့ဖျော်သောက်ပါ။

မေး။ ။ ဆရာကြီးခင်ဗျာ ကျွန်တော့်အမေက အသက် ၆၇ နှစ်ရှိပါပြီ။ ဆီးချိုနဲ့နှလုံးလည်းရှိပါတယ်။ ဆေးခန်းပြနေတာကြာပါပြီ။ ခုလို ရောဂါတွေနဲ့ဆိုတော့ ဆေးရုံတွေ ပြရတာလည်း အဆင်မပြေတော့ပါဘူး။ အခုအမေက ခါးအောက်ပိုင်းတွေ ဖောရောင်နေပါတယ်။ ရင်သားနဲ့ လက်တွေလည်းရောင်ပါတယ်။ ရောင်တာမှ တင်းကားပြီး ကွေးလို့ ဆန့်လို့ အဆင်မပြေတဲ့အထိပါ။ မတ်တတ်ရပ်လို့မရတော့ပါဘူး။ ဝမ်းဗိုက်ပတ်လည်လည်း ရောင်နေပါတယ်။ ခုလိုရောဂါတွေနဲ့ဆိုတော့ ဆေးရုံပဲတင်လိုက်ရမလား။ ဘာဆက်လုပ်ရမလဲ ကျေးဇူးပြုပြီး အကြံပေးပါဦး ဆရာကြီးခင်ဗျာ။

ဖြေ။ ။ ကနဖော့ရွက်ရရင် မန်ကျည်းမှည့်နဲ့ရောပြုတ်သုပ်ကျွေးရင် အဖောအရောင်ကျတယ်။ ပြုတ်ရည်နဲ့ရေချိုးပါ။ ဈေးမှာ ရှာဝယ်ပါ။ တောင်တန်ကြီး၊ ကရမက် တို့ကို ဆားအနည်းငယ်ရောသွေးလိမ်းပါ။

မေး။ ။ ဆရာမင်္ဂလာပါရှင့်။ ဆီးချိုရောဂါဖြစ်နေသူက ခရေရွက်ပြုတ်ရည်ကို အစာမစားမီသောက်ရမှာလား။ အစာစားပြီးသောက်ရမှာလား  ဖြေကြားပေးပါရှင့်။ ဆီးချိုရှိသူကို တိုက်ချင်လို့ပါရှင့်။

ဖြေ။ ။ စားပြီးမှ သောက်ပါ။ မစားခင်သောက်ရင် အရမ်းကျသွားတတ်လို့ပါ။ အကြမ်းပန်းကန်တစ်လုံး ထက် ပိုမသောက်ပါနဲ့။ ဆီးချိုတက်မတက် စစ်ဆေးပြီး ချင့်ချိန်သောက်ပါ။ 

မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်မအစ်ကိုအသက် ၅၂ ပါ။ လေထိတာလားမသိဘူးရှင့်။ ပါးစပ်ညာဘက်နဲနဲစောင်းသွားလို့ရှင့်။ စကားပြောတာလည်း လေးလေးကြီး ဖြစ်နေတာ ဘာလုပ်ရမလဲရှင့်။

ဖြေ။ ။ ညာဘက်ရွဲ့ရင် ဘယ်ခြမ်းပါးက လေဖြတ်တာ ဖြစ်ပါတယ်။ ပါးနှစ်ဖက်လုံးမှာ ချင်းတက်ကို ပါးပါး လှီးကပ်ပေးပါ။ ၂ နာရီကပ် ၂ နာရီနားပါ။ တစ်နေ့ လေး ကြိမ်ပြုလုပ်ပါ။ (သံပရာသီး၊ ရှောက်သီး မလှိမ့်ပါနှင့်။ ပိုရွဲ့တတ်သည်။) နားလည်တတ်ကျွမ်းသော အကြောအထူးကု အကြောပြင်ဆရာများကိုပြ၍ ကုသနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

မေး။ ။ ဆရာကြီးခင်ဗျာ  ရိုသေလေးစားစွာဖြင့် မေးပါရစေခင်ဗျ။ ကျွန်တော့်အစ်မကြီး အသက် ၆၃ နှစ်ပါ။ တစ်လတစ်ကြိမ် ဝမ်းဗိုက်ဆီးစပ်ဘယ်ဘက်ဘေးရောင်တယ်။ ခြေဖမိုးရောင်တယ်။ မျက်နှာဖောရောင်တယ်။ ဘာရောဂါပါလဲဗျာ။ နောက်တော့ ပြန်ကျကျသွားတယ်။ တစ်လတစ်ကြိမ်  လတိုင်းဖြစ်နေပါတယ်။ ကျေးဇူးပြု၍ ဖြေပေးစေလိုပါတယ်။

ဖြေ။ ။ ကျောက်ကပ်ရောင်တာ ဖြစ်နိုင်ပါတယ်။့ူအမျေသကညိ ရိုက်ကြည့်ပါ။ ဆီးစစ်ပါ။ လိုအပ်လျှင် အထူးကုသမားတော်နှင့်ပြသပါ။ ကျောက်ကပ်ရောင်ရင် ကျောက်ဖရုံသီးဖျော်ရည် တစ်နေ့ တစ်ဖန်ခွက်သောက်
ပါ။ တောဆီးဖြူပင်ရရင် ပြုတ်သောက်ပါ။ ကနဖော့ရွက်ပြုတ်ရည်နဲ့ ရေချိုးပေးပါ။  မြင်းခွာရွက်လက်ဖက် ခြောက်လုပ်သောက်ရင် နောက်ပြန်မဖြစ်အောင် ကာကွယ်တယ်။

မေး။ ။ ဆရာကြီးရှင့် ဝမ်းသွားရတာ လွယ်ဖို့အတွက် တစ်နေ့လုံး မကြာခဏ  ရေသောက်ရာမှ ရေအေး သောက်ရမလား ရေနွေးကြမ်းသောက်ရမလား ဖြေကြားပေးစေလိုပါတယ်ရှင့်။

ဖြေ။ ။ ရေအေးသောက်ပါ။ ရေနွေးကြမ်းသောက်ချင်ရင် ဆားလှော်ထည့်သောက်ပါ။ ညအိပ်ရာဝင် မန်ကျည်းမှည့်ဖျော်ရည်သောက်ပါ။

မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်တော် ညာဘက်နှာခေါင်းအတွင်းမှာ ရောင်နေပါတယ်။  ရေချိုးမျက်နှာသစ် အပူအအေးအကူးအပြောင်းတွေ နှာချေပါတယ်။ သုံးနှစ်လောက်ကြာပါပြီ။ ဘယ်လိုကုသမှုနဲ့ ပျောက်ကင်းနိုင်မလဲသိချင်ပါတယ်ခင်ဗျ။

ဖြေ။ ။ ကွမ်းရွက်ကို မတ်ခွက်ထဲမှာ ရေနွေးစိမ်အုပ်ထားပြီး အငွေ့ကို နှာခေါင်းတစ်ဖက်ပိတ်ပြီး ရှူသွင်းပေးပါ။ ပျောက်သွားပါလိမ့်မယ်။ 

မေး။ ။ အသက် ၁ နှစ်အရွယ်ကလေး နှာစေး နှာပိတ် ရောဂါဖြစ်နေပါတယ်ရှင့်။ရာသီဥတုအကူးမို့လားမသိဘူး ရက်ဆက်ဖြစ်နေပါတယ်ရှင့်။ ဆေးနည်းလေးပေးပါ။

ဖြေ။ ။ ကလေးနှာစေးနှာပိတ် ဆားကိုရေနွေးနဲ့ဖျော် အအေးခံပြီး  တဘက်ငယ်တစ်ခုနဲ့စိမ်၍ ကလေး ခြေဖဝါးကပ်ပေးပါ။   ဆားရေဖတ်တိုက်ပေးပါ။ ကွမ်းရွက်မီးကင် မုန်ညင်းဆီ သို့မဟုတ် နှမ်းဆီသုတ်ပြီး ကလေးရင်အုံတွင် ကပ်ပေးပါ။ သူငယ်နာ (၇) ပါး ဆေးဝါလေး (တိုင်းရင်းဆေးခန်းများမှာ ရနိုင်သည်။) ဝယ်ပြီး ကလေးရင်အုံ ငယ်ထိပ်များတွင်လိမ်းပေးပါ။ နှာစေးလျှင် ကွမ်းရွက်မီးကင် အရည်ညှစ်အုန်းဆီနဲ့ရော ငယ်ထိပ်တွင် လိမ်းပေးပါ။(၂ ရက်ကြာ အကြောင်းပြန်)။    ။ ဆရာကြီးပေးတဲ့ ဆေးနည်းအတိုင်းလုပ်လိုက်တာ နှာပိတ်တာ သက်သာသွားပြီဆရာ။ ကျေးဇူးပါဆရာ။

မေး။ ။ ဆရာကြီးရှင့် ကြက်ဥအစိမ်းကို ပျားရည်နဲ့ခလောက်ပြီးသောက်တာ ကျန်းမာရေးနဲ့ ညီညွတ်ပါလား ရှင့်။ မနက်စောစောကို ယောဂလေ့ကျင့်ခန်းလုပ်တော့ အစာမရှိရင်မူးပြီး နားထဲက လေတွေထွက်ပါတယ်။ ဒါကြောင့် ကြက်ဥပျားရည်သောက်နေတာပါရှင့်။ ရေရှည်ဆို ကျန်းမာတဲ့ အစားအသောက်ပုံစံမဟုတ်ဘဲ စားမိနေမှာစိုးလို့ပါရှင့်။

ဖြေ။ ။ ဘာမှမဖြစ်ပါ။ သောက်နေကျဆို သောက်ပါ။ ကြက်ဥက အားပြည့်စေတဲ့ အစာဖြစ်ပါတယ်။ ကြက်ဥပျားရည်က ဝမ်းကိုက်တောင်ပျောက်ပါတယ်။

မေး။ ။ ဆရာရှင့် ကြောင်လက်သည်းခြစ်မိတာ ပြည်တည်နာဖြစ်နေလို့ ဘာဆေးလိမ်းရမလဲရှင့်။

ဖြေ။ ။ လက်ဖက်အစိုကို ဆားခါးအနည်းငယ်ထည့် ရောနယ်အုံပေးပါ။ ပြည်စုပ်သွားပါလိမ့်မယ်။ အမာရွတ်ကျန်ရင် ကွမ်းသီးခြမ်းသွေးလိမ်းပါ။
မေး။ ။ ချွဲကျပ်ပြီး အသက်ရှူမဝလို့ပါဆရာ။ ဘယ်လိုလုပ်သင့်ပါသလဲရှင့်။ တစ်ချက် တစ်ချက်ထွက်လာတဲ့ ချွဲသလိပ်ကလည်း အနံ့တစ်မျိုးကြီး ဖြစ်နေပါတယ်
ဆရာ။ အသက်က ၄၀ ကျော်အမျိုးသားပါ။

ဖြေ။ ။ လောက်သေရွက်ရှာပါ။ အစိုရရ အခြောက်ရရ ပြုတ်သောက်ပါ။ တစ်နေ့ အကြမ်းပန်းကန်တစ်လုံးမှ နှစ်လုံး မနက် ညသောက်ပါ။ မုရားကြီးရွက်၊ ဇော်ဂျီတောင်ဝှေးအပင်အရွက်များလည်း ပြုတ်သောက်ရင် ချွဲသလိပ်ရင်ကျပ်ရောဂါများ ပျောက်ပါတယ်။

မေး။ ။ ကျွန်မ အမျိုးသား ချောင်းတွေဆိုးပြီး တစ်ချိန်လုံးလေချဉ်တွေတက်နေပါတယ်။ ဗိုက်ကလည်း တင်းနေပြီး ချောင်းဆိုးတာနဲ့ လေတက်တာဆုံတိုင်း ပျို့အန်သလိုမျိုးဖြစ်ပြီး တစ်ညလုံးမအိပ်နိုင်လို့ပါ။ အသက်က
၄၂ နှစ်ပါ။ တစ်နေကုန်ကားမောင်းရတာမို့ ကိုယ်လက်လှုပ်ရှားမှုလည်း နည်းပါတယ်။ ကူညီပါဦးဆရာ။

ဖြေ။ ။ လေပူကျဆေးနဲ့ တိုင်းရင်းဆေးအမှတ် ၂ လေမျိုးရှစ်ဆယ်ဆေးသောက်ပါ။ အစာမကြေလို့ ဖြစ်တာပါ။ အစာကို အဝမစားပါနဲ့။ ရေနွေးကြမ်းထဲ  ဆားလှေအနည်းငယ်ထည့်သောက်ပါ။
မေး။ ။ မင်္ဂလာပါဆရာ။ ထမင်းချက်ရင် ရေသန့်နဲ့ချက်ရမလား။ ရိုးရိုးရေနဲ့ ချက်ရမလားသိချင်လို့ပါဆရာ။

ဖြေ။ ။ ရိုးရိုးရေနဲ့ချက်ပါ။ ရေသန့်ကို အပူမပေးရဘူးလို့အချို့ပညာရှင်များက ပြောပါတယ်။ ရေသန့်မှာ ဓာတုပစ္စည်းအချို့ထည့်ထားလို့ အပူပေးရင် ဓာတ်ပြောင်းပြီး ဆိုးကျိုးရှိပါတယ်။ ရိုးရိုးရေမရရှိနိုင်တဲ့ အရပ်တွေမှာ
တော့ မလွဲမရှောင်သာ ရေသန့်နဲ့ပဲချက်ရပါတယ်။

မေး။ ။ ဆရာ မင်္ဂလာပါ။ ညဘက်တွေ အိပ်မရဖြစ်နေတာ ကြာနေပါပြီဆရာ။  ဘာဆေးတွေသောက်ရမလဲ ဆရာ။ ပြောပြပေးပါဦး။ မျက်စိက အိပ်ချင်တယ်။ အိပ်ချင်ရဲ့နဲ့ အိပ်မရတာပါ။
ဖြေ။ ။ ဖုန်းတွေ ကြည့်တာများလို့လား။ မြူရွက်သုပ်ကျွေးပါ။ မြင်းခွာရွက် နွားနို့နဲ့ ဖျော်ရည်လုပ်တိုက်ပါ။

မေး။ ။ မင်္ဂလာပါဆရာရှင့်။ ကျွန်မအသက် ၅၀ ပါရှင့်။ ဝမ်းဗိုက်ဆီးစပ်နား နာပါတယ်ဆရာ။ ညာဘက် ခါးလည်း နာနေပါတယ်။ ရှစ်လလောက်ရှိနေပါပြီ။ ရေအိတ်တည်တာဖြစ်မှာစိုးလို့ နလင်ကျော်သွေးလိမ်းနဲ့ ကျောက်တည်တာဖြစ်မှာစိုးလို့ ကျောက်ဖရုံသီးဖျော်ရည်သောက်ပါတယ်။ မနေ့ကတော့ ကြက်သွန်နီနဲ့ သံပရာသီးသောက်ပါတယ်။ နာတာမသက်သာလို့ဆရာ။ သားအိမ်နဲ့များသက်ဆိုင်လားသိပါရစေဆရာ။ သားအိမ်နဲ့ဆိုင်ရင် ဘာဆေးများမှီဝဲရမလဲ ဆရာ။ ကျွန်မအခုအချိန်မှာ ဆေးစစ်ဖို့ မဝံ့ရဲသေးလို့ပါ။  ကျေးဇူးတင်ပါတယ်ဆရာ။

ဖြေ။ ။ ကျောက်ဖရုံသီး ဖျော်ရည်ဆက်သောက်ပါ။ လေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လေပူကျဆေး သောက်ပါ။ တိုင်းရင်းဆေးအမှတ် ၂ လေမျိုးရှစ်ဆယ် ဆေးရှောက်ရည်နဲ့ ဖျော်သောက်ပါ။
မေး။ ။ ကျွန်တော် အသက် ၇၀ ပါ။ သွေးတိုး၊ ဆီးချိုမရှိပါ။ ခြေထောက်က အမြဲအေးနေပါတယ်။ မည်သို့ပြုမူနေထိုင်၍ ဆေးဝါးသုံးစွဲရမည်ကို ပြောပြပေးပါဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ။ 
ဖြေ။ ။ အစာမကြေရင် ခြေဖျားတွေ အေးတတ်ပါတယ်။ အစာကြေဆေး လေပူကျဆေး ဝမ်းမီးတောက်ဆေးများသောက်ပါ။ ချင်းတက်ပါးပါးလှီး ရေနွေးစိမ်သောက်ပါ။

မေး။ ။ ဆရာကြီးရှင့် ရာသီမမှန်ဘဲနည်းနေလို့ ဘယ်လိုဆေးစားရမလဲ သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ သက်ရင်းကြီးရွက်အနုတစ်နေ့ နှစ်ရွက်အတို့လုပ်စားပါ။ ရှားစောင်းလက်ပပ်ကို  ထန်းလျက်နဲ့ရောကျိုစားပါ။

မေး။ ။ ဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါရှင့်။ လျှာက အနာလည်းမရှိပါဘဲ စကားပြောရင် လိပ်နေသလိုကြီး ဖြစ်နေလို့ပါ။ စပ်ဖျဉ်းဖျဉ်းကြီးလည်းနေပါတယ်။ လေဖြတ်မှာ ကြောက်လို့ပါ။ ဖြေပေးပါဆရာကြီးရှင့်။
ဖြေ။ ။ ကြက်ဟင်းခါးရွက်နဲ့ ပွတ်ပေးပါ။ တိုင်းရင်းဆေးအမှတ် ၂၅ မတဲမြင့်မိုရ်ကုန်းဆေးပရဆေးဆိုင်မှာ ဝယ်လျက်ပေးပါ။
မေး။ ။ ဆရာကြီးရှင့် အောင်မဲညိုပွင့်ရဲ့ ကောင်းကျိုးမကောင်းကျိုးများနှင့် သောက်သင့်မသောက်သင့် ဖြေကြားပေးစေချင်ပါတယ်။ ကျွန်မ ခြောက်လလောက်စွဲသောက်ခဲ့ပါတယ်။ တချို့က ဆက်မသောက်ဖို့ 
ပြောလို့ရပ်ထားပါတယ်။ ကျေးဇူးပါဆရာ။

ဖြေ။ ။ ဆရာဝန်က မှိုပါတဲ့အပွင့်ကို သောက်မိရင် အသည်းထိတယ်ပြောပါတယ်။ မှိုမပါအောင် သန့်စင် နိုင်ရင် ကောင်းပါတယ်။ အခြားဆိုးကျိုးတော့မရှိပါ။