လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက် ကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှု အားပေး

နေပြည်တော်၊ ဇွန် - ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စည်းစိမ်ရှင် စားသောက်ဆိုင်ရှေ့ရှိ COVID-19 စစ်ဆေးရေးဂိတ်၌ ဇွန် ၂၉ ရက်တွင် အကြမ်း ဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံပြည်သူ ၅ ဦးသည့် ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး လိုအပ်သည့် ထောက်ပံ့မှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။