လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါဟာ အသက်အရွယ်မရွေးကူးစက်နေတာကိုတွေ့နေရပါတယ်၊ ဒါကြောင့် ပြည်သူများအနေနဲ့ ကိုဗစ်-၁၉ စည်းကမ်းတွေကိုလိုက်နာကြပါ

လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါဟာ အသက်အရွယ်မရွေးကူးစက်နေတာကိုတွေ့နေရပါတယ်၊ ဒါကြောင့် ပြည်သူများအနေနဲ့ ကိုဗစ်-၁၉ စည်းကမ်းတွေကိုလိုက်နာကြပါ

မေး။ ။ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ   အခုပထမဆုံးအနေနဲ့ ဒီကိုဗစ်-၁၉ ရောဂါဟာ ဘယ်လိုကူးစက်တတ်ပါသလဲခင်ဗျာ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါက ရောဂါရှိတဲ့သူက  နှာချေရင်သော်လည်းကောင်း၊ ချောင်းဆိုးရင်သော်လည်းကောင်း ထွက်လာတဲ့ အစက်အမှုန်တွေကနေပြီးတော့တခြားသူတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းကိုဝင်ရာကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။
မေး။ ။ အဲ့လိုကူးစက်မှုတွေကနေ ကာကွယ်ဖို့အတွက် အဓိကအချက်အနေနဲ့ ဘာကိုအဓိကထား လိုက်နာရမလဲခင်ဗျ။
ဖြေ။ ။ အဓိကကတော့  တတ်နိုင်သမျှအိမ်ထဲမှာပဲနေရမယ်။  လူစုလူဝေးကို ရှောင်ရမယ်။ အပြင်ထွက်တာကို  ရှောင်ရမယ်။   အပြင်မဖြစ်မနေထွက်ရမယ်ဆိုလို့ရှိရင်လည်း mask တပ်ရမယ်။  တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဖို့လိုလာရင်လည်း ၆ ပေအကွာကနေ   ပြောဆိုနေထိုင်ရမယ်ပေါ့။  အဲ့လိုနည်းလမ်းနဲ့ ဒီကူးစက်မှုတွေကို   ကာကွယ်နိုင်တယ်ပေါ့နော်။  နောက်လက်ဆေးရမယ်။  လက်ကိုစက္ကန့် ၂၀ ကြာအောင်  လက်ဆေးရမယ်။ နောက်လေဝင်လေထွက်ကောင်းတဲ့ အခန်းတွေ နေရာတွေမှာနေထိုင်ရမယ်။  လူစုလူဝေးကို ရှောင်ကြဉ်ရမယ်။ ဒါတွေပေါ့။ ဒါတွေလိုက်နာကြမယ်ဆိုရင်   ကူးစက်မှုကနေ ကာကွယ်နိုင်ပါတယ်။
မေး။ ။ အခုကူးစက်မှုဖြစ်ပွားနေတဲ့အထဲမှာ ဘယ်လိုအသက်အရွယ်တွေက အများဆုံးကူးစက်မှုတွေရှိနေလဲခင်ဗျ။

ဖြေ။ ။ အခုဖြစ်နေတာကတော့ အသက်အရွယ်မရွေးကူးစက်နေတာကိုတွေ့ရတယ်။ကိုဗစ်-၁၉  စည်းကမ်းတွေကိုလိုက်နာမှုနည်းတဲ့သူအားလုံးကတော့ ကူးစက်မှုတွေဖြစ်နေတာတွေ့ရပါတယ်။ ကိုယ်ခံအားနည်းတဲ့၊ ရောဂါအခံရှိတဲ့သူတွေ  ဥပမာ ဆီးချို၊ သွေးတိုး၊ နှလုံး ဒီလိုမျိုးပေါ့နော်။ကိုယ်ခံအားကျတဲ့သူတွေဆိုလို့ရှိရင်  ပိုပြီးတော့ ကူးစက်တတ်တယ်ပေါ့။  ဒါပေမဲ့ အခု   ကျွန်မတို့တွေ့နေရတာကတော့ ကိုဗစ်-၁၉ စည်းကမ်းကို  မလိုက်နာတဲ့ ဘယ်အသက်အရွယ်မရွေးကူးစက်နေတာကိုတော့ တွေ့ရပါတယ်။

မေး။ ။ မြဝတီမြို့က နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့အတွက်  ရွှေ့ပြောင်းသွားလာမှုများပြားတဲ့မြို့ပေါ့နော်။ ဒီအပေါ်မှာရော ရောဂါကာကွယ်မှုကို ထိန်းချုပ်ဖို့အတွက် ဘယ်လိုစီမံထားပါသလဲခင်ဗျ။

ဖြေ။ ။ မြဝတီမြို့က  နယ်စပ်မြို့ဖြစ်တဲ့အတွက် ရွှေ့ပြောင်းသွားလာမှုများတယ်။ ကုန်သွယ်ရေးမြို့လည်း ဖြစ်ပါတယ်။ အဲ့တော့ထိန်းချုပ်ရခက်တဲ့မြို့ပေါ့။ အဲ့တော့ ကူးစက်မှုတွေကလည်း တဖြည်းဖြည်းမျာလာတော့ ၁၃ ရက် ၇ လပိုင်းကစပြီးတော့ Stay at Home အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  ကြေညာလိုက်ပါတယ်။    ကြေညာလိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ တတ်နိုင်သမျှ ပြည်သူတွေအိမ်ထဲမှာပဲနေဖို့၊  ကိုဗစ်-၁၉ ရဲ့စည်းကမ်းတွေကိုလိုက်နာဖို့  ဆိုပြီးတော့ အုပ်ချုပ်ရေးအဖွဲ့တွေ၊    မြဝတီခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနဲ့ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီးတော့  နံနက်၊နေ့လယ်၊ ညနေဆိုပြီး တစ်နေ့သုံးချိန် နေ့စဉ်အသိပညာပေးတာတွေ  ဆောင်ရွက်နေပါတယ်။ နောက်ဈေးတွေလည်းပိတ်တယ်။ဆိုင်တွေအနေနဲ့လည်း  မဖြစ်မနေ စားသောက်ရမယ့်ဆိုင်နဲ့  ဆေးဆိုင်တွေကလွဲလို့ အကုန်ပိတ်တယ်ပေါ့နော်။ ဈေးတွေကိုလည်း ၆ ပေခြားရောင်းနိုင်ဖို့ စီစဉ်တယ်၊ ရွှေ့ပြောင်းတယ်ပေါ့နော်။ နောက်ဈေးသည်တွေလည်းMask တပ်ဖို့၊ ဈေးဝယ်သူတွေmaskတပ်ဖို့ ဆောင်ရွက်တယ်ပေါ့နော်။ ဒါကတော့  အုပ်ချုပ်ရေးအပိုင်းကပေါ့။ကျွန်မတို့ ကျန်းမာရေးဌာနအနေနဲ့လည်း တနင်္လာနေ့ကနေ သောကြာနေ့အထိ မွန်းလွဲ ၁ နာရီကနေ ၂ နာရီအတွင်းမှာ ရောဂါလက္ခဏာပြပြီး အသက်ရှူကျပ် တယ်ဆိုတဲ့ လူနာတွေကို RTD Test Kit  နဲ့စစ်ပြီး ရောဂါရှာဖွေပေးတယ်ပေါ့နော်။ တကယ်လို့ Positive  ဆိုရင်လည်းပဲ ရောဂါလက္ခဏာပြင်းထန်ရင် ဆေးရုံတက်ပေါ့။    သိပ်ပြီးမပြင်းထန်ရင်လည်းပဲ Positive  စင်တာပေါ့၊ အဲ့လို ဆောင်ရွက်နေတယ်ပေါ့။ အဲ့ဒီကနေပြီးတော့ ရောဂါဖြစ်တဲ့သူနဲ့ ထိတွေ့မှုရှိတဲ့သူတွေကို Home  Quarantineပေါ့။ အုပ်ချုပ်ရေးအပိုင်းကသူတွေက သူတို့ကို စောင့်ကြပ်ကြည့်ရှုစေတာပေါ့။ ဒါကတော့ ပြည်သူ့ကျန်းမာရေးအပိုင်းပေါ့။ ကုသရေးအပိုင်းအနေနဲ့ ကျွန်မတို့ ဆေးရုံအပိုင်းကျတော့လည်းပဲ ဆေးရုံက ၂၄ နာရီဖွင့်ထားပါတယ်။   ကိုဗစ်-၁၉ မဟုတ်သော အရေးပေါ်လူနာတွေလည်း ကြည့်ပေးနေရတယ်ပေါ့။ ကိုဗစ်-၁၉ လူနာတွေကတော့ ၂၄ နာရီအတွင်းမှာတော့ သူတို့တက်ချင်တဲ့အချိန် တက်လို့ရတယ်ပေါ့နော်။  ဒါကြောင့်မို့လို့  ကျွန်မတို့ တတ်စွမ်းသရွေ့လုပ်နိုင်တဲ့အထိ  အစွမ်းကုန်ဆောင်ရွက်ပေးသွားမှာပါ။

မေး။ ။ အခု ဒီကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ တတိယလှိုင်းမှာ သေဆုံးနှုန်းများတာတွေ့ရပါတယ်။ ဒီအပေါ်မှာ ဆရာမကြီးရဲ့အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ တတိယလှိုင်းမှာ ဗီဇပြောင်းတယ်လို့   ပြောကြတယ်ပေါ့နော်။  မျိုးရိုးဗီဇပြောင်းတဲ့    ပိုးဖြစ်သွားတယ်ပေါ့နော်။ကူးစက်မှုနှုန်းလည်းပြင်းထန်တယ်။ ရောဂါလက္ခဏာလည်း  ပြင်းထန်တယ်ပေါ့နော်။အဓိကကတော့   အသက်ကြီးပိုင်းတွေ၊ရောဂါအခံရှိတဲ့သူတွေ ဆီးချို၊  သွေးတိုး၊ နှလုံးပေါ့နော်။ အဲ့လိုသူတွေက သေဆုံးနှုန်း များကြတာပါ။

မေး။ ။ ကိုဗစ်လက္ခဏာလည်း   ပြတယ်။ကိုဗစ်ဖြစ်ဖို့လည်း  သေချာသလောက်ရှိတယ်။  ဒါပေမဲ့  မပြင်းထန်ဘူးပေါ့နော်။ ဆေးရုံတွေ၊ စင်တာတွေသွားဖို့လည်း အခြေအနေမပေးလို့ အိမ်မှာပဲနေရမယ်ဆိုရင် ဘယ်လိုနေရမလဲ ဆောင်ရန်ရှောင်ရန်လေး ပြောပြပေးပါဦးခင်ဗျ။
ဖြေ။ ။ သူ့မှာ ကိုဗစ်-၁၉ လက္ခဏာက ပြင်းထန်တဲ့ လက္ခဏာမပေါ်ဘူး သာမန်လက္ခဏာလေးပဲ   ဖြစ်တယ်ဆိုလို့ရှိရင် သူအိမ်မှာ နှစ်ပတ်နေပေါ့၊ တခြားမိသားစုတွေနဲ့ မရောဘဲ သီးသန့်နေပေါ့၊   သီးသီးသန့်သန့်အခန်းနဲ့ ြေျု တပ်ပြီးနေပေါ့၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲဆန်းစစ်နေရမှာပေါ့။ ဥပမာ- ကိုယ့်ရဲ့ အောက်ဆီဂျင်တိုင်းတဲ့စက်လေးနဲ့ တိုင်းကြည့်ရမှာပေါ့။ တိုင်းကြည့်လို့  ၉၀ အောက်ကျလာတယ်ဆိုလို့ရှိရင် ဆေးရုံဆေးခန်းတွေကို လာလို့ရပါတယ်။ အဓိကကတော့ အခြာသူတွေနဲ့မရောဘဲ နှစ်ပတ်သီးခြားနေထိုင် တာကတော့  အကောင်းဆုံးပေါ့နော်။ရောဂါလက္ခဏာ တအားကြီးဆိုးလာမယ်ဆိုလို့ရှိရင် ဆေးရုံဆေးခန်းတွေတက်ဖို့လိုပါတယ်။
မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့   ဒီကိုဗစ်-၁၉ တတိယလှိုင်းကိုကျော်ဖြတ်နိုင်ဖို့အတွက်  ပြည်သူတွေကိုပြောချင်တဲ့အချက်၊ မှာချင်တဲ့  အဓိကအချက်လေး ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ အဓိကကတော့ အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြင်းထန်နေတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာနေတာ အကောင်းဆုံးပါ၊   မဖြစ်မနေ အိမ်ပြင်ထွက်ရမယ်ဆိုလို့ရှိရင်လည်း ကိုဗစ်-၁၉ စည်းကမ်းတွေကိုလိုက်နာပါ၊Mask တပ်ပါ၊  လူစုလူဝေးရှောင်ပါ၊  လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ၊ လေဝင်လေထွက်ကောင်းတဲ့နေရာ အခန်းတွေမှာနေပါ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ရောဂါဟာ အသက်အရွယ်မရွေးကူးစက်နေတာကို တွေ့ရပါတယ်။  ဒါ့ကြောင့် ပြည်သူများအနေနဲ့ ကိုဗစ်-၁၉ စည်းကမ်းတွေကိုလိုက်နာကြပါလို့ ပြည်သူတွေကို မှာချင်ပါတယ်။အခုလို ပြည်သူတွေသိချင်တဲ့ သိသင့်တဲ့ အရာတွေကို အချိန်ပေးပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက်  ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။    ။