လပွတ္တာမြို့နယ်ရှိ ရှင်စောမြတ်စေတီတော်နှင့် မြတ်တိဂုံလောကနိဗ္ဗာန်ပုထိုးစေတီ တော်တို့ကို စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ရှင်အရဟံ(၁၀၀၄) နှစ်ပြည့်၊ (၁၈ နှစ်၊ ၁၈ ကြိမ်မြောက်)၊ ရက်ပေါင်း ၉၀ အဘိဓမ္မာ ၇ ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်မင်္

လပွတ္တာမြို့နယ်ရှိ ရှင်စောမြတ်စေတီတော်နှင့် မြတ်တိဂုံလောကနိဗ္ဗာန်ပုထိုးစေတီ တော်တို့ကို စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ရှင်အရဟံ(၁၀၀၄) နှစ်ပြည့်၊ (၁၈ နှစ်၊ ၁၈ ကြိမ်မြောက်)၊ ရက်ပေါင်း ၉၀ အဘိဓမ္မာ ၇ ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်မင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ရှင်စောပုဘုရင်မကြီး တည်ထား ကိုးကွယ်ခဲ့သည့် ရှင်စောမြတ်စေတီတော်နှင့် မြတ်တိဂုံလောကနိဗ္ဗာန်ပုထိုးစေတီတော် တို့ကို စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ရှင်အရဟံ(၁၀၀၄) နှစ်ပြည့်၊ (၁၈ နှစ်၊ ၁၈ ကြိမ်မြောက်)၊ ရက်ပေါင်း ၉၀ အဘိဓမ္မာ ၇ ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ရှင်စောမြတ်စေတီတော်၌ ပြုလုပ်ရာ သန်လျင်မြို့နယ်၊ သစ္စာဓိဌာန် နယ်လှည့်စတုဒီသာ နတ်စင်တရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာတေဇ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပုဇွန်တောင် သာယာကုန်း ပြဿဒ်ကျောင်း ဆရာတော် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဓဇ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြ သည်။
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှင်စောမြတ် စေတီတော်ကြီး၊ မြတ်တိဂုံလောကနိဗ္ဗာန်ပုထိုးစေတီတော်ကြီးနှင့် အရံစေတီတော်များ တွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး သုံးခွမြို့၊ မြို့မ ရေလည်ကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒာလင်္ကာရထံမှ အနုမောဒနာတရားနာယူကာ အဘိဓမ္မာ ၇ ကျမ်းရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက စေတီတော်များတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့ကို အသီးသီးပင့်ဆောင်ကြပြီး စေတီတော်အထွဋ်များတွင် တင်လှူပူဇော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။