လမိုင်းမြို့နယ်ခွဲအတွင်းရှိ သောင်ပြင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဇွန် - ၂၉

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်း သောင်ပြင်ကျေးရွာရှိ ဦးအောင်ဝင်း(ခ)အလော့(ဘ) ဦးမောင်ကြည်၏ နေအိမ်၌ ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် အိမ်အပေါ်ထပ်တွင်တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ရာ မှတစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့  နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ် ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့်  နံနက် ၁၁ နာရီခန့်တွင် မီးငြိမ်း သွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအား ရေးတပ်နယ်မှ တာဝန်ရှိ သူများက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အဆိုပါ မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်ဝင်းအား လမိုင်းနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။