လားရှိုးခရိုင်ရှိ မီးသတ်တပ်ဖွဲ့ဝင်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

လားရှိုးခရိုင်ရှိ မီးသတ်တပ်ဖွဲ့ဝင်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင် များက မီးသတ်တပ်ဖွဲ့ရုံ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များမှ လှူဒါန်းသည့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၅၀ စုံ၊ Mask ၂၅၀၀ ခု၊ ရေမလိုလက်သန့်ဆေးရည် ၅၀ ဘူး၊ Face Shields ၅၀ ခု၊ ပိုးသတ်ဆေးဖျန်းရည် ၅၀ ဘူး၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ နှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ လားရှိုးခရိုင်ရှိ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းနှင့် အဖွဲ့ဝင်များက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။