လားရှိုးမြို့ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ် တို့မှ ဆရာများ၊ ဆရာမများ၊ ကျောင်းသားများနှင့် ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်

လားရှိုးမြို့ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ် တို့မှ ဆရာများ၊ ဆရာမများ၊ ကျောင်းသားများနှင့် ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်

နေပြည်တော်၊ မေ - ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်တို့ရှိ ခန်းမဆောင်အသီးသီး၌ ပြုလုပ်ကြရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်တို့ရှိ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်း များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားကြသည်။ ယင်းနောက် တိုင်းမှူး နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။