လားရှိုးမြို့ရှိ မိဘမဲ့ဂေဟာများရှိ ကလေးသူငယ်များအတွက် ဆန်၊ ဆီ၊ စားသောက် ကုန် ပစ္စည်များနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်

လားရှိုးမြို့ရှိ မိဘမဲ့ဂေဟာများရှိ ကလေးသူငယ်များအတွက် ဆန်၊ ဆီ၊ စားသောက် ကုန် ပစ္စည်များနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ ငွေများပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၇

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ ကျေးဇူးတော်မိဘမဲ့ဂေဟာ၊ ဖူးဂေါ်စပါယ် မိဘမဲ့ပရဟိတကျောင်း(FULL GOSPEL ASSEMBLY )နှင့် အမှတ်(၉)ရပ်ကွက်ရှိ ဂရုဏာရင်ခွင်မိဘမဲ့ဂေဟာများမှ မိဘမဲ့ကလေးငယ်များနှင့် ဂေဟာမှတာဝန်ရှိသူများအတွက် ဆန်၊ ဆီ၊ စားသောက်ကုန် ပစ္စည်းများ၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ဇလွန်မြို့နယ်များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် သိန်းပေါင်း ၂၄၃၅၄၀၀၀၀ ကျပ်အား ယနေ့တွင် မြို့နယ်အသီးသီးမှ စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။