လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ဆရာဖြစ်မွမ်းမံသင်တန်း တက်ရောက်မည့် သံဃာတော်များအား COVID-19 ရောဂါပိုး ရှိ/ မရှိစစ်ဆေးပေး

နေပြည်တော်၊ ဇွန် - ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ဆရာဖြစ်မွမ်းမံသင်တန်းတက်ရောက်မည့် လားရှိုးမြို့နယ်မှ သံဃာတော် ၅၇ ပါးအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က PCR နည်းဖြင့် COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးသည်။

ထိုသို့ စစ်ဆေးပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည်ညို၍ ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအားဖူးမြော်ပြီး သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။