လားရှိုးမြို့ရှိ COVID-19 ကုသရေးစင်တာ(၁) ပြင်ဆင်နေမှုအား ကြည့်ရှု၊ အလှူငွေများ ပေးအပ် လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပြည်ထောင်စုအားကစားရုံ၌ ဖွင့်လှစ် ထားရှိသည့် COVID-19 ကုသရေးစင်တာ(၁)သို့ ယနေ့နေ့လယ်ပိုင်းတွင် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါစင်တာ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထို့နောက် တိုင်းမှူးက  စင်တာ၌ ထားရှိမည့်လူနာများအား အာဟာရ ကျွေးမွေးရန်အတွက် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။