လိုကာတယ်လီကို ယူရို သန်း ၄ဝ ရရှိမှသာရောင်းချမည်ဟု ဆက်ဆူအိုလိုအသင်း ကြေညာ

ဆက်ဆူအိုလိုအသင်းက  ကွင်းလယ်ကစားသမား လိုကာတယ်လီကို ခေါ်ယူလိုသည့် အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေး ယူရို သန်း ၄ဝ ရရှိမှသာ ရောင်းချသွားမည်ဟု  ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် လိုကာတယ်လီသည် လက်ရှိ ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင် အီတလီအသင်းနှင့် အတူ ပုံမှန် ပွဲထွက်ခွင့်ရရှိခဲ့ကာ ခြေစွမ်းပြသွင်းဂိုးများ သွင်းယူနေ သည့်အတွက် ဂျူဗင်တပ်စ်အသင်းနှင့် အတူ ပရီးမီးယား လိဂ်ထိပ်တန်း အသင်းကြီးများကလည်း စောင့်ကြည့်မှုများ ပြုလုပ်လာပြီး   လက်ရှိကျင်းပနေသည့်  ယူရို ၂ဝ၂ဝ ပြိုင်ပွဲအပြီးတွင် ကမ်းလှမ်းရန် ပြင်ဆင်နေသည့်အတွက် ဆက်ဆူအိုလို အသင်းက ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

လိုကာတယ်လီသည် လက်ရှိ ယူရို ၂ဝ၂ဝ ပြိုင်ပွဲ တွင် အီတလီအသင်းနှင့်  အုပ်စုပွဲစဉ် နှစ်ပွဲစလုံး ပါဝင်ခွင့်ရရှိပြီး ပြီးခဲ့သည့် ဆွစ်ဇာလန်အသင်းနှင့် ပွဲစဉ်တွင် လည်း  နှစ်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက်  ထိပ်တန်း အသင်းကြီးများက စောင့်ကြည့် လာကြခြင်း ဖြစ်ကြောင်း သိရသည်။