လီဗာပူးအသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဝေးကွင်းသွင်းဂိုးအများဆုံးဖြစ်သည့် ဂန္ထဝင်ကစားသမား မိုက်ကယ်အိုဝင်၏စံချိန်ကို ဆာလက်ချ်ကျော်ဖြတ်

လီဗာပူးအသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဝေးကွင်းသွင်းဂိုးအများဆုံးဖြစ်သည့် ဂန္ထဝင်ကစားသမား မိုက်ကယ်အိုဝင်၏စံချိန်ကို ဆာလက်ချ်ကျော်ဖြတ်

လီဗာပူးအသင်းတိုက်စစ်ကစားသမား ဆာလက်ချ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ် မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ကစားသည့်ပွဲစဉ်တွင် လီဗာပူးအသင်းအတွက်  ဆာလက်ချ်က  တစ်ဂိုးသွင်းယူပြီးနောက် လီဗာပူးအသင်းသမိုင်းတစ်လျှောက်  ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဝေးကွင်းသွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် ဂန္ထဝင်ကစားသမား    မိုက်ကယ်အိုဝင်၏စံချိန်ကို    ကျော်ဖြတ်နိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းက အဝေးကွင်း တွင် မန်စီးတီးအသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး  ဆာလက်ချ်က  ပွဲချိန် ၁၇  မိနစ်တွင် လီဗာပူးအသင်းအတွက် တစ်လုံးတည်းသောသွင်းဂိုး သွင်းယူပေးပြီးနောက် မိုက်ကယ်အိုဝင်၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသမိုင်းတစ်လျှောက် ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် အဝေးကွင်းသွင်းဂိုး အများဆုံးကစား သမားအဖြစ် ဆာလက်ချ်မတိုင်မီက ဂန္ထဝင်ကစားသမား မိုက်ကယ်အိုဝင်က သွင်းဂိုး ၅၅ ဂိုးဖြင့် ရပ်တည်နေခြင်းဖြစ်ပြီး ယခုအခါ ဆာလက်ချ်က ၅၆ ဂိုးရှိလာသည့်အတွက် တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆာလက်ချ်သည် ယခုဘောလုံးရာသီတွင် မန်စီးတီးအသင်းနှင့်လေးပွဲကစားရာတွင် လေးပွဲစလုံး ဂိုးသွင်းယူနိုင်သည့်အတွက်    မန်စီးတီးအသင်းကို တစ်ရာသီအတွင်း  တွေ့ဆုံမှုတိုင်းဂိုးသွင်းယူနိုင်သည့် ကစားသမား ဖြစ်လာခဲ့ကြောင်း သိရသည်။

Ref;Opta.com