လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေရန် ရည်ရွယ်ပြီး မဟုတ် မမှန်သတင်းများအား လုပ်ကြံဖန်တီးဖြန့်ချီသူအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၆

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရား ဉပဒေ စိုးမိုးရေးနှင့် အေးချမ်းစွာနေထိုင်လိုသော မိဘပြည်သူများ၏ အသက်အိုးအိမ် စည်း စိမ်လုံခြုံမှု ရှိစေရေးအတွက် နေ့/ညမပျက် ဆောင်ရွက်လျက်ရှိရာ အဖျက်အမှောင့် ဆောင်ရွက်လိုသူများက အဆိုပါ လှုပ်ရှားမှုများအပေါ် ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းများအား လုပ်ကြံဖန်တီး ထုတ်လွှင်ခြင်းများ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ မေ ၂၄ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင်များက စက်ဆန်းရပ်ကွက်၊ New Day ဆီဆိုင်ရှေ့နေရာ၌ ကိုဝင်းဒီ(ဘ) ဦးသောင်းမောင် အပါအဝင် အမျိုးသား ၇ ဦး စီးနင်းလာသည့် မော်တော်ယာဉ်အား စစ်ဆေး၍ ကိုဝင်းဒီ၏ I Phone 12 Promax လက်ကိုင်ဖုန်းအား သိမ်းဆည်း ယူဆောင် သွားကြောင်း လုပ်ကြံစွပ်စွဲ သတင်းဖြန့်ချီမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်အားစိစစ်ရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဗိုလ်စောနောင်လမ်း၊ အမှတ် (၈)ရပ်ကွက်၊ အိမ်အမှတ်(၄၇)နေ ကိုဝင်းဒီ(ဘ)ဦးသောင်းမောင် သည် မေ ၂၄ ရက် ညပိုင်းတွင် ၎င်း၏သူငယ်ချင်း ၆ ဦးနှင့်အတူ ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားသောက် ဆိုင်တစ်ခုသို့ မော်တော်ယာဉ်ဖြင့် သွားရောက်စားသောက်ခဲ့ပြီး ည ၉ နာရီ ၄၅ မိနစ် ခန့်တွင် ကြက်/ဘဲဈေးဘက်သို့ မောင်းနှင်ထွက်ခွာလာခဲ့ရာ စက်ဆန်းရပ်ကွက် New Day ဓာတ်ဆီဆိုင်နေရာသို့အရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏မော်တော် ယာဉ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး မသင်္ကာဖွယ်မတွေ့ရှိသဖြင့် ၎င်းတို့အား ဆက် လက် ထွက်ခွာစေခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့အဖွဲ့သည် ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ ကောမက်ဟိုတယ်၌ ညအိပ်အခြေပြုရောက်ရှိခဲ့စဉ် ကိုဝင်းဒီ ကိုင်ဆောင်သော I Phone 12 Promax လက်ကိုင်ဖုန်းမှာ ပျောက်ဆုံးသွား ကြောင်း၊ အဆိုပါပျောက်ဆုံးမှုအပေါ် အကြောင်းပြု၍ ကိုဝင်းဒီ က ၎င်း၏လက်ကိုင် ဖုန်းပျောက်ဆုံးမှုအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းတို့၏ မော်တော်ယာဉ်အား တားဆီးစစ်ဆေးစဉ် ၎င်းအားရိုက်နှက်၍ အဆိုပါဖုန်းအား သိမ်းဆည်း ယူဆောင်သွားခဲ့ ခြင်းဖြစ်သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေရန် သတင်းမှားဖြန့်ချီခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

အဆိုပါ လုပ်ကြံဖန်တီးသူအား တရားဉပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဝင်းဒီ ၏ ပြောကြားချက်အား ယခုလိုဘဲ ကြားသိခဲ့ရပါတယ် -

''ဖြစ်စဉ်က ၁၄ ရက်နေ့ ညနေ ၄ နာရီမှာ သူငယ်ချင်း ၆ ယောက်နဲ့အတူ ကျွန်တော်တို့တွေ ဘီယာဆိုင်မှာ အတူသွားသောက်ခဲ့ပါတယ်။ သွားသောက်ပြီး ည ၉ နာရီ ၄၅ မိနစ် အချိန်မှာ ကြက်/ဘဲဈေးဘက်ကို ကားမောင်း ပြီးသွားခဲ့ပါတယ်။   စစ်ဆေးရေးဂိတ်ကို ရောက်တဲ့အချိန်မှာ စစ်ဆေးရေးအဖွဲ့ဝင်တွေက တားခဲ့တဲ့အတွက် ကားကိုရပ်ပေးခဲ့ပါတယ်။ ကားပေါ်ကနေ ဖုန်းနဲ့ပိုက်ဆံအိတ်ကို ကိုင်ပြီးဆင်းခဲ့ပါတယ်။ အဲ့မှာ ဖုန်းနဲ့ပိုက်ဆံ က အောက်ကိုပြုတ်ကျသွားပါတယ်။ ပြုတ်ကျသွားတဲ့အချိန်မှာ လုံခြုံရေး အဖွဲ့ဝင်ထဲက တစ်ဦးက ကျွန်တော့်ကို ဖုန်းနဲ့ပိုက်ဆံအိတ် ပြန်ပေးခဲ့ပါတယ်။ စစ်ဆေးပြီး ကားပေါ်တက် ပြီးပြန်သွားဖို့ အချိန်ကိုကြည့်တဲ့အချိန်မှာ ည ၁ဝ နာရီကျော်ဖြစ်နေပြီ ဖြစ်တဲ့အတွက် နီးစပ်ရာ အထက်ပုဇွန်တောင်လမ်းပေါ်က ဟိုတယ်တစ်ခုမှာ ဝင်အိပ်ပါတယ်။ ဝင်အိပ်တဲ့အချိန်မှာ အိမ်ကိုဖုန်းဆက်ပြီး အကြောင်းကြားဖို့     ဖုန်းကိုကြည့်လိုက်တဲ့အချိန် ဖုန်းကမရှိတော့ဘူးဆိုတာ သိခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖုန်းကိုဘယ်နားမှာ ချခဲ့မှန်း သေချာမမှတ်မိခဲ့ဘူး ဇဝေဇဝါဖြစ် သွားခဲ့ပါတယ်။ ကျွန်တော်ဖုန်းပျောက်သွားတော့ ကျွန်တော့်သူငယ်ချင်းဆီက ဖုန်းကိုယူပြီး ကျွန်တော့်အမျိုးသမီးကို ဖုန်းဆက်ခဲ့ပါ တယ်။ ''လမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးပြီး သိမ်းဆည်းထားတယ်''ဆိုပြီး လိမ်ခဲ့ပါတယ်။ ကျွန်တော် မနက် ၆ နာရီလောက် အိမ်ပြန်ရောက်တဲ့အချိန် ကျွန်တော့် မိန်းမကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျွန်တော် ကားကို အရှိန်ပြင်းပြင်း မောင်းတဲ့အတွက် ကားကိုတားစစ်ပြီး ဖုန်းကို သိမ်းထားခဲ့တယ်လို့ လိမ်လည်ပြောဆိုခဲ့ပါတယ်။ ကျွန်တော့် ဇနီးက စိတ်ဆိုးသွားတယ်။ ဖုန်းပျောက်သွား တဲ့အကြောင်းကို ကျွန်တော့်အစ်မက Face bookပေါ်မှာတင်ခဲ့ပါတယ်''ဟု ဝင်းဒီက ပြောသည်။