လူနာကို အောက်ဆီဂျင်ပေးရင်   ဘာတွေသတိထားရမှာလဲ .. . . 

လူနာကို အောက်ဆီဂျင်ပေးရင်   ဘာတွေသတိထားရမှာလဲ .. . . 

ကျွန်တော်တို့ အောက်ဆီဂျင်မပေးခင်မှာ အောက်ဆီဂျင်ဘယ်အချိန် မှာလိုအပ်လာလဲဆိုတာကို ပထမဆုံးသိဖို့လိုပါတယ်။ အောက်ဆီဂျင်ကုသမှုကို ကိုဗစ်-၁၉ ရောဂါမှာ   သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၂  ရာခိုင်နှုန်းထက်နည်းနေပြီဆိုလို့ရှိရင်တော့  အောက်ဆီဂျင်ပေးဖို့လိုအပ်လာပြီလို့ ယေဘုယျအားဖြင့်ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သိထားရမှာက သွေးအတွင်း အောက်ဆီဂျင်တိုင်းတာခြင်းကို နည်းမှန်လမ်းမှန်စနစ်တကျတိုင်းတာတတ်ဖို့လိုပါတယ်။ ဒီလို သွေးအတွင်း အောက်ဆီဂျင်ကို တိုင်းတာဖို့အတွက် Pulse Oxymeter  လို့ခေါ်တဲ့ သွေးထဲမှာ အောက်ဆီဂျင်တိုင်းတဲ့လက်ချောင်းထိပ်မှာ အောက်ဆီဂျင်တိုင်းတဲ့စက်ကလေးတစ်ခုလိုပါတယ်။ ဒီလိုတိုင်းတာတဲ့နေရာမှာ ကျွန်တော်တို့သတိထားရမှာတွေကတော့ နံပါတ်(၁) Cold  Periphery  လို့ခေါ်တဲ့ ခြေချောင်းလက်ချောင်းတွေအေးနေရင် ဒါမှမဟုတ် ခြေချောင်းလက်ချောင်းတွေကို သွေးရောက်ရှိမှုပမာဏနည်းနေရင် Pulse oxymeter  အဖြေမှားယွင်းနိုင်ပါတယ်။

နံပါတ်(၂)အနေနဲ့ လက်သည်းမှာ အရောင်ခြယ်ထားသူတွေ၊ လက်သည်းနီဆိုးထားတဲ့သူတွေကလည်း  Pulse oxymeter အဖြေကို မှားယွင်းမှုဖြစ်နိုင်ပါတယ်။

နံပါတ်(၃)အနေနဲ့ တချို့ရောဂါတွေ ဥပမာအားဖြင့်  သွေးထဲမှာ Carbonmonoxide   ပမာဏများနေတဲ့ Carbonmonoxide Poisoning  အခြေအနေတွေမှာလည်း မှားယွင်းနိုင်ပါတယ်။

နံပါတ်(၄)အနေနဲ့ ပြင်ပအလင်းရောင်အရမ်းများတဲ့နေရာမှာဆိုရင်လည်း Oxymeter  စက်ရဲ့လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်တဲ့အတွက် ကြောင့် မှားယွင်းနိုင်ပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ လူနာဟာ ဂနာမငြိမ်ဖြစ်နေမယ်။  လှုပ်လှုပ်ရှားရှားနဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေမယ်ဆိုရင်လည်း ဥထပာနအနမ ရဲ့အဖြေကိုသက်ရောက်မှုရှိနိုင်ပါတယ်။ ကျွန်တော်အထက်ကပြောခဲ့တဲ့အချက်တွေကတော့ သွေးထဲမှာရှိတဲ့အောက်ဆီဂျင် ပမာဏ မှားယွင်းနိုင်တဲ့အချက်တွေဖြစ်ပြီးတော့ ဒီလိုအချက်တွေမရှိဘူးဆိုရင်တော့ Pulse  Oxymeter   အဖြေဟာ မှန်ကန်တယ်လို့ယူဆနိုင်ပါတယ်။

ဒီလိုယူဆတဲ့နေရာမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၄ ရာခိုင်နှုန်းထက် နည်းနေပြီဆိုရင်တော့ ကျွန်တော်တို့က စပြီးသတိထားရမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါမှာ  သွေးတွင်းအောက်ဆီဂျင်ပမာဏဟာ ရောဂါက္ခဏာစပြပြပြီးချင်းကနေ ခြောက်ရက်ကနေ ခုနစ်ရက်မှာ ကျလာတတ်ပါတယ်။ ဒီရက်ပိုင်းမှာ သတိထားရမှာဖြစ်ပါတယ်။ သွေးအတွင်းအောက်ဆီဂျင်ပမာဏ ၉၂  ရာခိုင်နှုန်းအောက်ကို စပြီးကျလာပြီဆိုရင်တော့ Oxygen Therapy    ကိုစတင်ပြီးတော့ပေးကြပါတယ်။ Oxygen  Therapy  ပေးရာမှာ Oxygen  Therapy  ကို Oxygen  Concentrator  လို့ခေါ်တဲ့  အောက်ဆီဂျင်ထုတ်လွှတ်တဲ့စက်တွေနဲ့လည်း ပေးနိုင်သလို အောက်ဆီဂျင်အိုး ၁၀ လီတာ၊ ၂၀ လီတာ၊ ၄၀ လီတာ အရွယ်အစား အမျိုးမျိုးနဲ့လည်း ပေးနိုင်ပါတယ်။ ဒီလိုပေးတဲ့နေရာမှာ ပထမဆုံးအနေနဲ့ Nasal  Cannula  လို့ခေါ်တဲ့ နှာခေါင်းပိုက်နဲ့ ပေးနိုင်ပြီးတော့ အဲလိုပေးတဲ့နေရာမှာတော့ Oxygen  Flow  rate   ဟာ ၁ လီတာပါ မိနစ်ကနေပြီးတော့ ၅ လီတာပါမိနစ်အထိပေးနိုင်ပါတယ်။ ဒီလိုပေးလို့   လူနာရဲ့သွေးတွင်းအောက်ဆီဂျင်ပမာဏဟာ ၉၂ ရာခိုင်နှုန်းရဲ့အထက်ကိုရမယ်ဆိုရင်တော့ ဒီအတိုင်းပဲဆက်ပြီးပေးထားရမှာဖြစ်ပါတယ်။ အဲလိုပေးနေတဲ့အချိန်မှာ    သွေးတွင်းအောက်ဆီဂျင်ပမာဏကိုတော့ တစ်နာရီတစ်ခါ၊ ဒါမှမဟုတ်လို့ရှိရင်  နာရီဝက်တစ်ခါ တိုင်းတာနေရမှာဖြစ်ပါတယ်။
 
Nasal    Cannula     နဲ့ပေးနေလျက်နဲ့ကို သွေးတွင်းအောက်ဆီဂျင်ပမာဏ၉၂ ရာခိုင်နှုန်းအောက်ကိုရောက်လာပြီဆိုလို့ရှိရင်တော့ ဒုတိယအဆင့်အနေနဲ့ Face Mask လို့ခေါ်တဲ့ နှာခေါင်းနဲ့ပါးစပ်ကို အုပ်ပြီးတော့ Oxygen 
ပေးရတဲ့ Mask လေးနဲ့ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုပေးရင်တော့ Oxygen  Flow  rate  က ၅ လီတာပါမိနစ်ကနေပြီးတော့ ၈ လီတာပါမိနစ်အထိ တိုးတက်ပြီးတော့ပေးရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ အထက်ကအတိုင်းပဲ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တစ်နာရီတစ်ခါ၊  နာရီဝက်တစ်ခါ တိုင်းတာရပါမယ်။ ဒီလိုတိုင်းတာတဲ့နေရာမှာသွေးတွင်းအောက်ဆီဂျင်ရဲ့ပမာဏဟာ  သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၂ ရာခိုင်နှုန်းအထက်မတက်ဘူးဆိုရင် တတိယအဆင့်အနေနဲ့ Face Mask  with resevior bag  လို့ခေါ်တဲ့     ခုန Mask လေးကိုမှ လေအိတ်အကြည်လေးပါတဲ့ Mask  နဲ့ပေးရမှာဖြစ်ပါတယ်။ ဒီလိုပေးရင်တော့ Oxygen  Flow rate ၇ လီတာပါမိနစ်ကနေ ၁၅ လီတာပါမိနစ်အထိ ပေးရမှာဖြစ်ပါတယ်။ 

ဒီနေရာမှာ ကျွန်တော်တို့တစ်ခုသတိထားရမှာကတော့ ဈေးကွက်ထဲမှာရှိနေတဲ့ Oxygen  Flow meter  တွေကတော့   များသောအားဖြင့် ၁၀ လီတာပါမိနစ်အထိပဲ ပေးလို့ရလို့ ၂၀ လီတာပါမိနစ်အထိပေးလို့ရတဲ့ Flow meter နဲ့ Oxygen regulator တွေကို သုံးရမှာဖြစ်ပါတယ်။ Oxygen Flow  meter ဆိုတာကတော့ အောက်ဆီဂျင်အိုးကနေပြီးတော့ လူနာကိုပေးရတဲ့နေရာမှာ ကြားခံပေးရတဲ့ကိရိယာလေးပဲဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ၂၀ လီတာပါမိနစ်အထိပေးရတဲ့ Flow  meter ကိုအသုံးပြုရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာ Oxygen Therapy ပေးလို့မှ လူနာရဲ့သွေးတွင်းအောက်ဆီဂျင်ပမာဏဟာ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းအထက်ကိုမတက်ဘူး၊ ဒီပတ်ဝန်းကျင်မှာပဲရှိနေတယ်ဆိုရင်တော့  လူနာရဲ့ရောဂါအခြေအနေ ဆိုးရွားတဲ့အခြေအနေတစ်ခုကိုရောက်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ လူနာဟာ အောက်ဆီဂျင်တစ်ခုတည်းပေးရန် လုံလောက်တော့မှာမဟုတ်ဘဲနဲ့    ဆေးရုံ သို့မဟုတ် ကိုဗစ်ကုသရေးစင်တာတစ်ခုခုမှာ တိကျတဲ့ရောဂါကုသမှုနဲ့ စစ်ဆေးမှုတွေလိုအပ်နေပြီလို့   သိရှိထားရမှာဖြစ်ပါတယ်။  

 နောက်တစ်ခုသိထားရမှာကတော့ Oxygen Therapy  ပေးရာမှာ ဘယ်အချိန်မှာ အောက်ဆီဂျင်ပေးရန်   မလိုအပ်တော့ဘူးဆိုတာသိရမှာဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က   လက်ရှိပေးနေတဲ့ ၤူFlow  rate? Oxygen Concentration Flow  rate(1 L, 2 L) (10 L , 15 L)  သည်ဖြင့် ပေးနေရာကနေပြီးတော့ တစ်ဆင့်ချင်းစီ လျှော့ချကြည့်ရမှာဖြစ်ပါတယ်။ 

အဲလိုတစ်ဆင့်ချင်းစီ လျှော့ချကြည့်လို့မှ နာရီဝက်အတွင်းမှာ လူနာဟာ သွေးတွင်းအောက်ဆီဂျင်ပမာဏမကျသွားဘူး၊ နေရထိုင်ရတာ သက်သောင့်သက်သာရှိနေမယ်၊   မောတာ၊ ချောင်းဆိုးတာ၊ နှလုံးခုန်မြန်တာတွေမရှိဘူးဆိုလို့ရှိရင်တော့ လူနာဟာ သက်သာလာပြီလို့ ယူဆနိုင်ပြီးတော့ အောက်ဆီဂျင်ပေးတဲ့ Flow  rate ကို တဖြည်းဖြည်းချင်းလျှော့ချနိုင်ပါတယ်။ ကျွန်တော်တို့အိမ်တွေမှာ ဒီလိုဆိုရင်တော့ အောက်ဆီဂျင်တွေ ပေးကြပြီ၊ ဒါဆိုရင်  ဘာတွေကိုသတိထားရမလဲ၊  အောက်ဆီဂျင်ဟာ ပေးတိုင်းလည်းမကောင်းပါဘူး၊ နံပါတ်(၁)အနေနဲ့ အောက်ဆီဂျင်ကြောင့် မီးလောင်နိုင်ပါတယ်။ အောက်ဆီဂျင်အိုးနားမှာ ဖယောင်းတိုင်ထွန်းတာ၊ အမွှေးတိုင်ထွန်းတာ၊ ဆေးလိပ်သောက်တာတွေ လုံးဝလုပ်လို့မရပါဘူး။ နံပါတ်(၂)အနေနဲ့ကတော့ မွေးကင်းစကလေးတွေမှာ အောက်ဆီဂျင်ကို ကာလကြာကြာပေးတဲ့အတွက်ကြောင့်မို့လို့ ကြီးလာတဲ့အခါ အသက်ကြီး လာတဲ့အခါ အမြင်အာရုံတွေထိခိုက်နိုင်တဲ့ ရောဂါတွေဖြစ်နိုင်ပါတယ်။

နံပါတ်(၃)အချက်အနေနဲ့ အောက်ဆီဂျင်ကို ရာခိုင်နှုန်းများများနဲ့ပေးရတဲ့အခါမှာ အောက်ဆီဂျင်ကို ရှူရပါများလာလို့ရှိရင် အဆုတ်ထဲမှာရှိတဲ့ လေအိတ်လေးတွေကို ဖောင်းအောင်လုပ်တဲ့ Surfactant လို့ခေါ်တဲ့ ပရိုတင်း
တွေဟာ ထိခိုက်ပျက်စီးနိုင်ပြီးတော့ အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေ ပြားသွားပြီးတော့  အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အောက်ဆီဂျင်ကို ရာခိုင်နှုန်းများများနဲ့ အချိန်ကြာကြာ ရှူနေရတဲ့လူနာတွေမှာ လေထဲမှာ
ရှိတဲ့ Nitrogen  ​ဟာ အဆုတ်ထဲကိုမရောက်နိုင်တော့ဘူး။ Nitrogenဟာလည်း အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေ ပြားမသွားအောင် အထောက်အကူပေးတဲ့ gasဖြစ်တာကြောင့်မို့လို့   Nitrogenရှိ ရင် လေအိတ်ငယ်တွေဟာ ပြားသွားပြီးတော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အထက်ကပြောခဲ့တဲ့အကြောင်းအရာတွေကတော့ တကယ်လို့ မဖြစ်မနေ Oxygen  Therapy ယူရတော့မယ်ဆိုရင် သတိထားလိုက်နာစရာတွေဖြစ်ပြီးတော့  

အောက်ဆီဂျင်အသုံးပြုခြင်းကြောင့် ရလာနိုင်တဲ့ အန္တရာယ်တွေကိုလည်း   ပြည်သူတွေဗဟုသုတအနေနဲ့   သိရှိအောင် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကနေ အမြန်ဆုံးကင်းလွတ်ကြပါစေ