လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ဆန်၊ စားသောက်ကုန် ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ဆန်၊ စားသောက်ကုန် ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ်- ၁၂

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 
ထိုသို့ပေးအပ်လျက်ရှိရာ ဩဂုတ် ၁၁ ရက်နှင့်ယနေ့တို့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊ အရေးပေါ်ထိန်းချုပ်ရေး ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များသို့ PPE Level 2 ၁၀၀ ထည်၊ လက်အိတ် ၁၀၀ ခုပါ ၁၀ ဘူး၊ Hand Gel ဘူးသေး ၂၀၀ ဘူး၊ Mask ၅၀ ခုပါ ၄၀ ဘူး၊ ခေါင်းစွပ် ၁၀၀ ခု ပါ ၃ ထုပ်နှင့် Face Shield ၁၀ ခုပါ ၅ အိတ်တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများကလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်နေပြည်သူများအတွက် အောက်ဆီဂျင် ၆၃ လုံး၊ ဆန်နှင့် စားသောက်ကုန် ပစ္စည်းများကို အဆိုပါမြို့ရှိ သုံးရာသီ၊ ဘိုမြင့်သူ၊ ဟော်နွန်ကုမ္ပဏီမိသားစုက လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။