လူမှုကွန်ယက်မှ Nyi Thuta အကောင့်ပိုင်ရှင် ဗိုလ်ကြီးဟောင်း အောင်သူဟိန်းမှာ စစ်ပြေး အရာရှိတစ်ဦးဖြစ်

လူမှုကွန်ယက်မှ Nyi Thuta အကောင့်ပိုင်ရှင် ဗိုလ်ကြီးဟောင်း အောင်သူဟိန်းမှာ စစ်ပြေး အရာရှိတစ်ဦးဖြစ်

နေပြည်တော်၊     မတ်  -  ၅
    
လူမှုကွန်ယက်တွင် ပျံ့နှံ့လျက်ရှိသော Nyi Thuta အမည်ဖြင့် ဝါဒဖြန့်လျက်ရှိသူမှာ    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တာဝန်ထမ်းဆောင်ရာမှ တပ်မတော်အပေါ် သစ္စာမဲ့စွာ ပေးအပ်သောတာဝန်ကို ထမ်းဆောင်နိုင်ခြင်းမရှိဘဲ ခွင့်မဲ့ပျက်ကွက် ဖြစ်ပွားခဲ့သည့် စစ်ပြေး ဗိုလ်ကြီးဟောင်း အောင်သူဟိန်းဖြစ်ပါသည်။
    
၎င်းအနေဖြင့် ပေးအပ်သည့်တာဝန်အပေါ် ထမ်းဆောင်ရန်ပျက်ကွက်ခဲ့သည့်အပြင် ၎င်း၏မိသားစုအပေါ်တွင်လည်း သစ္စာမဲ့ လျစ်လျူရှုကာ တပ်ဌာနချုပ်တွင် စွန့်ပစ်ခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူမှာလည်း တပ်မတော်သားတစ်ဦးဖြစ်ကာ ဖခင်၏ ဂုဏ်သိက္ခာအပေါ်တွင်လည်း တာဝန်မဲ့သူတစ်ဦးဖြစ်သည်။ ထို့အပြင် တပ်မတော်တွင် တာဝန်ထမ်းဆောင်သည့် ကာလအတွင်း စည်းကမ်းနှင့် စိတ်ဓာတ်အရာတွင်လည်း အားနည်းသူဖြစ်ပြီး တာဝန် ပျက်ကွက်မှု မကြာခဏ ဖြစ်ပေါ်ခဲ့သူဖြစ်သည်။

ဗိုလ်ကြီးဟောင်း အောင်သူဟိန်းအား စစ်ပြေးမှုဖြင့် ဖမ်းဆီးအရေးယူနိုင်ရေး ကြေငြာထားရှိပြီးဖြစ်ကြောင်းနှင့် လက်ခံထားရှိသူများအား ရာဇသတ်ကြီး ပုဒ်မ၊ ၁၃၆ တို့အရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။